ဆော်ဒီရဲ့ Vision 2027၊ Vision 2030 တွေအကြောင်းမပြောခင် ဆော်ဒီနိုင်ငံ ဘာလဲဆို တာကို ကျွန်တော်တို့နည်းနည်းလောက်တီးခေါက် ကြည့်ရအောင်ပါ။ ဆော်ဒီနိုင်ငံက အာရပ်ကမ္ဘာမှာ တော့ ဧရိယာအားဖြင့် တတိယအကြီးဆုံးနိုင်ငံ။ သက်ဦးဆံပိုင်ဘုရင်စနစ်နဲ့အုပ်ချုပ်ပြီး အစိုးရအဖွဲ့ ကောင်စီဝင်တွေကိုလည်း ဘုရင်ကသာ ရွေးချယ် ခန့်အပ်ပိုင်ခွင့်ရှိတယ်။ လက်ရှိဘုရင်က ဘင်အဗ္ဗ ဒူလာဇီ၊ အိမ်ရှေ့မင်းသားက အင်္ဂလန်ပရီးမီးယား လိဂ်ကလပ် နယူးကာဆယ်ယူနိုက်တက်အသင်း ကို ဟိုတလောကမှ ဝယ်ထားတဲ့ ဘင်ဆယ်လ်မန်။ တစ်နိုင်ငံလုံးနီးပါးက သဲကန္တာရဖုံးလွှမ်းနေပေမဲ့ အဲဒီမြေကြီးအောက်မှာ ကမ္ဘာက Black Gold လို့ တင်စားခေါ်ဝေါ်တဲ့ ရေနံတွေရှိနေတယ်။ ဆော်ဒီ နိုင်ငံက ကမ္ဘာ့ရေနံထုတ်လုပ်မှုမှာ ဒုတိယနေရာမှာ ရပ်တည်နေတယ်။ ကမ္ဘာ့ရေနံလိုအပ်ချက်ရဲ့ (၁၁) ရာခိုင်နှုန်းက ဆော်ဒီဆီက ရယူနေရတယ်။ ဒါကြောင့် ကမ္ဘာ့စူပါပါဝါနိုင်ငံကြီးတွေဖြစ်တဲ့ အမေ ရိကန်၊ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေက ဆော်ဒီရဲ့ သြ ဇာကို မလွန်ဆန်ဝံ့ဘူး။ မဟာမိတ်အဖြစ်နဲ့ ဆက် ဆံနေကြရတယ်။ နောက်တစ်ခုက ဘာသာတရား။ အစ္စလာမ်ဘာသာရဲ့ အထွတ်အမြတ်ဖြစ်တဲ့ မက္ကာ က ဆော်ဒီမှာ ရှိနေတယ်။ ဒါကြောင့် ဘာသာရေး အခြေပြုတဲ့ သြဇာသက်ရောက်မှုမှာလည်း ဆော်ဒီ ကို တခြားအာရပ်ကမ္ဘာက နိုင်ငံတွေ ယှဉ်နိုင်စွမ်း မရှိဘူး။ အာရပ်ကမ္ဘာမှာ ကာတာရဲ့ ကြွယ်ဝချမ်းသာပုံနဲ့ ဆော်ဒီရဲ့ ကြွယ်ဝချမ်းသာပုံက မတူဘူး။ ကာတာရဲ့ ကြွယ်ဝချမ်းသာပုံက Businessman ဆန်တယ်ဆိုရင် ဆော်ဒီရဲ့ ကြွယ်ဝချမ်းသာပုံက Gentleman ဆန်တယ်လို့ ခိုင်းနှိုင်းပြရမယ်ထင် တယ်။ ဆော်ဒီက အာဏာရှင်နိုင်ငံမဟုတ်ပေမဲ့ ဒီမိုကရေစီနိုင်ငံလည်း မဟုတ်ပါဘူး။ ဘာကြောင့် လဲဆိုတော့ ဆော်ဒီဂျာနယ်လစ် ခါရှိုဂီကိစ္စကိုပဲ ကြည့်။ ဆော်ဒီတော်ဝင်မိသားစုနဲ့အုပ်ချုပ်ရေး ယန္တရားကို ဝေဖန်ရေးဆောင်းပါးတွေရေးတဲ့ ဂျာ နယ်လစ် ခါရှိုဂီကို အစ္စတန်ဘူလ်မှာ အပိုင်းပိုင်း ခုတ်သတ်ပြီး အက်ဆစ်နဲ့လက်စဖျောက်ခဲ့တဲ့အထိ ဆော်ဒီအာဏာပိုင်တွေက စွမ်းဆောင်နိုင်ခဲ့တယ်။ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (CIA) ရဲ့ထုတ်ပြန်မှုအရ ဒီလူသတ်မှုရဲ့နောက်ကွယ်က အဓိကကြိုးကိုင်သူက ဆော်ဒီအိမ်ရှေ့မင်းသား ဘင်ဆယ်လ်မန်။ ကမ္ဘာကျော်အမှုကြီးဖြစ်လို့ အ သေးစိတ်တော့ပြောဖို့ မလိုတော့ပါဘူး။ ဒီနေရာမှာ ဆော်ဒီရဲ့ Power သက်ရောက်မှုနဲ့ သြဇာလွှမ်းမိုး မှုကိုပဲ ပြောလိုတာပါ။ ဆော်ဒီဆီက ရေနံကို မှီခိုနေ ရတဲ့ အမေရိကန်နိုင်ငံတောင် ခါရှိုဂီကိစ္စမှာ နှာစေး ပြီး အသံတိတ်နေခဲ့တယ်။ ဒေါ်နယ်ထရန့်က''ကျွန် တော်ပြောနိုင်တာ ဒီကိစ္စ ကျွန်တော် ဘာမှမသိဘူး'' ဆိုပြီး ရှောင်ထွက်သွားတယ်။ အမှန်တရားတော့ အမှန်တရားပဲ။ ဒါပေမဲ့ ကိုယ်ကျိုးစီးပွားကို ထိခိုက် လာပြီဆိုရင်တော့ အမှန်တရားက ချောင်ထဲမှာ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေတတ်တယ်။ မတ ရားတာကို မတရားဘူးလို့မပြောရဲတာကလည်း အန္တရာယ်ကြီးပါတယ်။
ရေနံဖြင့်ရေးခြယ်မည့် ဆော်ဒီ၏ Vision 2030
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။
ဝယ်ယူထားပြီးဖြစ်ပါက Login လုပ်ရန်
Most Read
Most Recent
9 hours ago
9 hours ago
9 hours ago
9 hours ago
9 hours ago
9 hours ago