ဦးဖြိုးဇေယျာသော်၏ ထွက်ဆိုချက်များအရ ရန်ကုန်မြို့အတွင်း ၎င်းငှားရမ်းပေးထားသော နေရာ ၂၁ ခုရှိ နေအိမ်များအား ဝင်ရောက်ရှာဖွေခဲ့ရာ လက်နက်ငယ် ၉၃ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ ကျည်အိမ်မျိုးစုံ ၂၀၆ ခု၊ ခဲယမ်းမျိုးစုံ ၁၃၉၄၂ တောင့်၊ ၄၀ မမ ဗုံးသီး ၂၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ လက်ပစ်ဗုံးမျိုးစုံ ၃၃ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၈၁ လုံး၊ TNT ယမ်းမျိုးစုံ ၁၆၃ တောင့်၊ C4 ယမ်း ၉ တောင့်၊ ဒီတိုနေတာ ၈၀၀ ချောင်း၊ မှန်မြောင်း တစ်လက်၊ ဂြိုလ်တုဖုန်း ၁၃ လုံးနှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိထားသည့် မောင်ကျော်(ခ) ဦးဖြိုးဇေယျာသော်၏ ထွက်ဆိုချက်များအရ ရန်ကုန်မြို့တွင်း ခိုအောင်းနေထိုင်ရန်အတွက် ငှာရမ်းပေးထားသော နေရာ ၂၁ ခုရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရှင်းလင်းမှုများ ဆောင်ရွက်ခဲ့ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ၄၇ ရပ်ကွက်၊ သဒ္ဒါရုံလမ်း၊ အမှတ်(၈၇၈) နေအိမ်တွင် မီးခိုးဗုံး ၅ လုံး၊ ပွိုင့် ၂၂ ကျည်ခွံ ၅ ခု၊ လက်လုပ်ဗုံးပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် သင်္ဃန်းကျွန်းမြို့နယ်၊ ၂၉ ရပ်ကွက်၊ သုခိတာလမ်း၊ အမှတ်(၆၇)အား ဝင်ရောက်ရှာဖွေခဲ့ရာ M-16 ၇ လက်၊ AK-47 ၈ လက်၊ M-12 ၁၅ လက်၊ M4 A1 ကာဗိုင် သုံးလက်၊ FCG-9 သုံးလက်၊ စနိုက်ပါ နှစ်လက်၊ ကာဘိုင် တစ်လက်၊ ပစ္စတို ၁၁ လက်၊ လက်လုပ်ပစ္စတို ၁၂၈ လက်၊ M-16 ကျည်အိမ် ၅၀ ခု၊ AK-47 ကျည်အိမ် ၁၄ ခု၊ MK-12 ကျည်အိမ် ၃၀ ခု၊ FCG-9 ကျည်အိမ် ၆ ခု၊ ပစ္စတိုကျည်အိမ် ၃၀ ခု၊ ၅.၅၆ ကျည် ၃၈၅၀ တောင့်၊ ၇.၆၂ ကျည် ၂၅၀ တောင့်၊ ပစ္စတိုကျည် ၆၁၀ တောင့်၊ 12 Volt ကျည် ၂၇၀၀ တောင့်၊ ပွိုင့် ၄၅ ကျည် ၁၅၀ တောင့်၊ AK-47 ကျည် ၁၀၀၀ တောင့်၊ ၄၀ မမ ဗုံးသီး ၂၆ လုံး၊ ရှေ့ထွက်မိုင်း ၆ လုံး၊ MK-12 သေနတ် ဆပ်စပ်ပစ္စည်းအစုံ ၃၀၊ လက်ပစ်ဗုံး ၁၈ လုံး၊ ကြိုးဆွဲမိုင်း ၁၅ လုံး၊ လက်လုပ်ဗုံး ၁၃၈ လုံး၊ လက်လုပ်ဗုံး(အကြီး) သုံးလုံး၊ မီးရှို့လက်လုပ်ဗုံး ၃၉ လုံး၊ ယမ်းပြင်း ၂၅ ထုပ်၊ လက်လုပ်ယမ်း ၄၃ ထုပ်၊ ယမ်းကြိုး တစ်ခွေ၊ ဒီတိုနေတာ ၈၀၀ ချောင်း၊ TNT ယမ်း(၀.၂၅)ပေါင် ၁၅၃ တောင့်၊ C4 ယမ်း(၁.၂၅)ပေါင် ၉ တောင့် အပါအဝင် ဂြိုလ်တုဖုန်း ၁၂ လုံးနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
သင်္ဃန်းကျွန်းမြို့နယ်၊(ဇ)မြောက်ရပ်ကွက်၊ ပြည်သာယာလမ်း(၂)၊ ငွေတိုက်စိုးခြံ၊ အမှတ်(၁၄၂)အား ဝင်ရောက်ရှာဖွေရာ M-16 ၁၃ လက်၊ AK-47 ၁၂ လက်၊ MK-12 ၉ လက်၊ ပစ္စတို လေးလက်၊ ခြောက်လုံးပြူး တစ်က်၊ M-16 ကျည်အိမ် ၃၀ ခု၊ AK-47 ကျည်အိမ် ၁၀ ခု၊ MK-12 ကျည်အိမ် ၂၂ ခု၊ ပစ္စတိုကျည်အိမ် ၁၄ ခု၊ ၅.၅၆ ကျည် ၂၀၀၀ တောင့်၊ ၉ မမ ကျည် ၄၀၀ တောင့်၊ 12 ဗို့ကျည် ၂၀၀၀ တောင့်၊ AK-47 ကျည် ၈၀၀ တောင့် တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဦးဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ သင်္ဃန်းကျွန်းမြို့နယ်၊(ဇ)မြောက်ရပ်ကွက်၊ ပြည်သာယာလမ်း(၂)၊ ငွေတိုက်စိုးခြံ၊ အမှတ်(၁၄၂)အား ရှာဖွေနေစဉ် နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် သိမ်းဆည်းထားသော လက်နက်/ခဲယမ်းများအား သယ်ယူရန် လာရောက်သော လှမိုးသန်း(၄၂)၊ အောင်ဝင်းနိုင်(၄၅)နှစ်တို့ နှစ်ဦးအား Sigsauer ပစ္စတို တစ်လက်၊ ကျည် ၁၀ တောင့်၊ Probox ယာဉ် တစ်စီးတို့နှင့်အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး အောင်ဝင်းနိုင်၏ ထွက်ဆိုချက်အရ အင်းစိန်မြို့နယ်၊ ကျော်ဇေယျ(၂)လမ်း၊ စဉ့်ငူရပ်ကွက်၊ အမှတ်(၈၁၈/ဘီ)အား ဝင်ရောက်ရှာဖွေခဲ့ရာ ၉ မမ ကျည် ၆၀ တောင့်၊ လက်လုပ်ဗုံး တစ်လုံး၊ လမ်းလျှောက်စကားပြောစက် လေးလုံး၊ မှန်ပြောင်း တစ်လက်၊ ကျည်ကာအကျီင်္ နှစ်ထည်နှင့် ဓားရှည်နှစ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဦးဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း၊ ရတနာနှင်းဆီကွန်ဒို၊ တိုက်အမှတ်(3-B)၊ အခန်းအမှတ်(B-0907)နေအိမ်အား ဝင်ရောက်ရှာဖွေရာ Lenovo Laptop တစ်လုံး၊ Macbook တစ်လုံး၊ Hard Disk တစ်လုံး၊ ဂြိုလ်တုဖုန်း တစ်လုံး၊ လက်ကိုင်ဖုန်း နှစ်လုံး၊ CB Bank ATM Card၊ AYA ATM Card များ၊ နိုင်ငံကူးလက်မှတ် စာအုပ် တစ်အုပ်၊ ရန်ကုန်မြို့အတွင်း ဖောက်ခွဲဖျက်ဆီးရေးပြုလုပ်မည့် စာရင်းများ၊ လုပ်ကြံသတ်ဖြတ်မည့်စာရင်းများ ပြုစုထားသည့် မှတ်တမ်းစာအုပ်များနှင့် အမျိုသမီး အသုံးအဆောင် ပစ္စည်းများအား ထမ်မံသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဦးဖြိုးဇေယျာသော်၏ ထွက်ဆိုချက်အရ အမျိုသမီး အသုံးအဆောင် ပစ္စည်းများသည် NLD ပါတီ အောင်နိုင်ရေးသီချင်းများနှင့် ရုပ်ရှင်ဇာတ်လမ်းတိုများ ရိုက်ကူးရာတွင် ကူညီဆောင်ရွက်ပေးသူ ဖမ်းဆီးရန်ကျန် သဇင်ညွှန့်အောင်၏ ပစ္စည်းများ ဖြစ်ကြောင်း၊ ၎င်းနှင့်အတူ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာလမ်း၊ ရတနာနှင်းဆီကွန်ဒို၊ တိုက်အမှတ်(3-B)၊ အခန်းအမှတ်(B-0907)နေအိမ်တွင် ဖမ်းဆီးရန်ကျန် ကိုဉာဏ်၊ တူးတူး တို့ ငှားရမ်းနေထိုင်ခဲ့ကြောင်း သိရှိရသဖြင့် ဝင်ရောက်ရှာဖွေခဲ့ရာ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဦးဖြိုးဇေယျာသော်၏ ကနဦးထွက်ဆိုချက်များအရ ဖမ်းဆီးရမိ ပစ္စတိုနှင့် လက်လုပ်ပစ္စတိုလက်နက်များမှာ အစိုးရ၏ အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်အတွက် တာဝန်ထမ်းဆောင်နေသာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ အပါအဝင် အခြားသော ဆန့်ကျင်ဘက် ပါတီဝင်များ၊ ၎င်းတို့၏ မိသားစုဝင်များကို လုပ်ကြံသတ်ဖြတ်ရန် ရည်ရွယ်ထားကြောင်းနှင့် လုပ်ကြံသတ်ဖြတ်ရေးအဖွဲ့များမှ Mission ဆောင်ရွက်မည့် တင်ပြချက်အပေါ်မူတည်၍ ထုတ်ပေးခြင်းဖြစ်သည်ဟု သိရှိရကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထို့ပြင် ချေမှုန်းရေးမောင်းပြန်ရိုင်ဖယ်များနှင့် အားမြှင့်ယမ်းများမှာ နိုဝင်ဘာ ၁၅ ရက်မှ စတင်၍ အစိုးရ၏ စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး ဒေါက်တိုင်များအား Level-2 အဆင့်မြှင့်တင်ကာ ပျံလွှားအောင် စစ်ဆင်ရေးအမည်ဖြင့် အရှိန်မြှင့် တိုက်ခိုက်ရေးဆောင်ရွက်ရန်နှင့် ထို့သို ဆောင်ရွက်ရာတွင် ပြည်သူလူထုအား ထိတ်လန့်ကြောက်ရွံ့စေရန်ရည်ရွယ်၍ အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၊ အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦများ၊ စီးပွားရေးဆိုင်ရာ အဆောက်အဦများ အပါအဝင် ပညာသင်ကြားမှုများ ရပ်တန့်စေရန် ရည်ရွယ်၍ စာသင်ကျောင်းများကိုပါ ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်သွားရန်နှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသာ တပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ရန် စီစဉ်ထားသည်ကို သိရှိရကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ နေအိမ်/တိုက်ခန်း ငှားရမ်းနေထိုင်သူများအနေဖြင့် အကြမ်းဖက်မှု ကျူးလွန်ကြောင်း ဖော်ထုတ်တွေ့ရှိပါက ငှာရမ်းနေထိုင်သည့် ပိုင်ရှင်များအား တည်ဆဲဥပဒေအရ အရေးယူမည့်အပြင် နေအိမ်/တိုက်ခန်းများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သက်သေခံအဖြစ် ထိန်းသိမ်း၍ တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်သဖြင့် အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သော နေအိမ်/တိုက်ခန်းများနှင့် PDF အဖွဲ့ဝင်များ နေထိုင်နိုင်ရေးအတွက် ငှားရမ်းပေးသော အိမ်ရှင်များအား တည်ဆဲဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ဖမ်းဆီးရမိထားသည့် NLD ပါတီဝင် မောင်ကျော်(ခ)ဖြိုးဇေယျာသော်၏ ဆောင်ရွက်မှုများအား ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။















