NLD ပါတီခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့ကြောင်း ဂျပန်နိုင်ငံ၏ မြန်မာ နိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ပြောကြား

NLD ပါတီခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့ကြောင်း ဂျပန်နိုင်ငံ၏ မြန်မာ နိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ပြောကြား
Published 18 November 2021
မင်းနိုင်စိုး

နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌအား တွေ့ရစဉ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့ကြောင်း ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်း ရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ပြောကြားသည်။

ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်း ချမ်းရေးအထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါအနေ ဖြင့် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ Melia ဟိုတယ်တွင် ပြု လုပ်ခဲ့ပြီး အဆိုပါသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ် သည်။

“ကျွန်တော်ဟာဆိုလို့ရှိရင် ရလဒ်အဖြေ ထွက်ပြီးသားအကြောင်းအရာဆိုလို့ရှိရင် ကျွန်တော် ရှင်းပြ၊ ပြောပြလေ့ရှိပါတယ်။ သို့ သော်လည်းပဲ ပြုလုပ်နေဆဲအချိန်ကာလမှာ ကျွန်တော်တို့ ဘာတွေပြောခဲ့တယ်ဆိုတဲ့ အကြောင်း အရာတွေနဲ့ပတ်သက်ပြီးတော့မှ ပြောလေ့ပြောထ မရှိပါဘူး။ ကျွန်တော်ဟာ ဆိုလို့ရှိရင် ရေငုံနှုတ်ပိတ်နေတဲ့ သံတမန်ဆက် ဆံရေးကို ပြုလုပ်တာက ကျွန်တော့်ရဲ့ အခြေ ခံမူပဲ ဖြစ်ပါတယ်။ NLD ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းက မှန်ပါတယ်။ သို့သော်လည်းပဲ ဘယ်သူနဲ့တွေ့ဆုံခဲ့သလဲ ဆိုတာကိုတော့ ကျွန်တော် ပြောပြလို့ မဖြစ် ပါဘူး” ဟု နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ပြောကြားသည်။ 

မြန်မာနိုင်ငံကို စည်းလုံးညီညွတ်မှုရှိသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် မြင်တွေ့လိုသည့်အတွက် ၎င်းအနေဖြင့် တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း ဂျပန်နိုင်ငံ၏ မြန်မာ နိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေးအထူးကိုယ်စား လှယ် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာ ဆာကာဝါက ပြောကြားသည်။

“ကျွန်တော့်အနေနဲ့ကတော့ မြန်မာနိုင် ငံကို အင်မတန်စည်းလုံးညီညွတ်မှုရှိတဲ့ ဖက် ဒရယ်ပြည်ထောင်စုနိုင်ငံအဖြစ် ကျွန်တော် မြင်ချင်ပါတယ်။ အဲဒီအတွက်ကြောင့်မို့လည်း ကျွန်တော့်အနေနဲ့ တတ်နိုင်သမျှ အစွမ်းကုန် ရှေ့ဆက်လက်ပြီးတော့မှ ကြိုးစားဆောင်ရွက် သွားမှာဖြစ်ပါတယ်” ဟု နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါက ပြောကြား သည်။

ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ ငြိမ်း ချမ်းရေးအထူးကိုယ်စားလှယ်၊ နီပွန်ဖောင်ဒေး ရှင်းဥက္ကဋ္ဌ မစ္စတာဆာဆာကာဝါသည် နိုဝင်ဘာ ၁၂ ရက်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာ ခဲ့ပြီး ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး စသည့် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ ကြောင်း ၎င်းက ပြောကြားသည်။

ထို့ပြင် နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌသည် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ၊ ပြည်သူ့ ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအ ဖွဲ့ချုပ် (SNLD) ပါတီ၊ ရခိုင်အမျိုးသားပါတီ (ANP)၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖက်ဒရယ်ပြည်ထောင် စုပါတီတို့နှင့်  တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့ကြောင်းလည်း သိရသည်။

 

Most Read

Most Recent