COVID-19 ဓာတ်ခွဲနမူနာ ၂၄၂၉၀ ခုအား စစ်ဆေးခဲ့ရာ လူနာသစ် ၈၄၃ ဦးတွေ့ရှိပြီး သေဆုံးသူ ၁၂ ဦး ရှိ

COVID-19 ဓာတ်ခွဲနမူနာ ၂၄၂၉၀ ခုအား စစ်ဆေးခဲ့ရာ လူနာသစ် ၈၄၃ ဦးတွေ့ရှိပြီး သေဆုံးသူ ၁၂ ဦး ရှိ
Published 17 November 2021

နိုဝင်ဘာ ၁၆ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၂၄၂၉၀ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၈၄၃ ဦးတွေ့ရှိပြီး ၁၄ ဦး ထပ်မံသေဆုံးခဲ့ကြောင်း နိုဝင်ဘာ ၁၇ ရက်ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၅၂၈၄၁၀၉ ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၅၁၅၅၅၉ ဦးရှိကာ သေဆုံးသူ ၁၁၂ ဦးရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၁၈၉၇၅ ဦးရှိကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၁၇ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၀၁၉ ဦးရှိသဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၈၇၁၄၅ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုများကို ကျန်းမာရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်များရှိ ဆေးရုံများတွင် Gene Xpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ၊နေပြည်တော် အမှတ် (၂) တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀)၊ လားရှိုးမြို့ အမှတ် (၉) တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀)၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ၊နေပြည်တော်ကောင်စီ၊တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများမှာ COVID-19 Rapid Antigen Diagnostic Test ဖြင့် စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး၊ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများ သတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၁၆ ရက်အထိ ပထမအကြိမ် ထိုးနှံပြီးသူ ၅၀၁၃၆၇၈ ဦး၊ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသူ ၁၀၀၂၉၆၇၀ ဦး နှင့် ကာကွယ်ဆေးထိုးနှံပြီးသည့် အကြိမ်ရေ စုစုပေါင်း ၂၅၀၇၃၀၁၈ ကြိမ်ရှိပြီ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent