နိုဝင်ဘာ ၁၅ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၁၆ ရက် ည ၈ နာရီအထိ COVID-19 ဓာတ်ခွဲနမူနာ ၂၆၂၇၁ ခုအား စစ်ဆေးရာ အတည်ပြုလူနာသစ် ၇၅၄ ဦး တွေ့ရှိပြီး ၁၇ ဦး ထပ်မံသေဆုံးကြောင်း နိုဝင်ဘာ ၁၆ ရက် ညပိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။
နိုဝင်ဘာ ၁၆ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ စုစုပေါင်း ၅၂၅၉၈၁၉ ခုအား စစ်ဆေးခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၅၁၄၇၁၆ ဦး ရှိကာ သေဆုံးသူ ၁၇ ဦးရှိသဖြင့် သေဆုံးသူ စုစုပေါင်း ၁၈၉၆၃ ဦး ရှိကြောင်း သိရသည်။
ထို့ပြင် နိုဝင်ဘာ ၁၆ ရက်တွင် ဆေးရုံဆင်းခွင့်ရရှိသူ ၁၁၃၄ ဦးရှိသဖြင့် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၄၈၆၁၂၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ ဓာတ်ခွဲစမ်းသပ်မှုများကို ကျန်းမားရေးဝန်ကြီးဌာန ဓာတ်ခွဲခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မှုအခြေအနေ၊ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော် ဆေးရုံ ကြီး(ခုတင် ၁၀၀၀) ၊နေပြည်တော် အမှတ်(၂)တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ လားရှိုးမြို့ အမှတ် (၉) တပ်မတော်ဆေးရုံ (ခုတင် ၁၀၀)၊ ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများမှာ COVID-19 Rapid Antigen Diagnostic Test ဖြင့် စမ်းသပ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။















