၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁ ဒသမ ၂၃၈ ဘီလျံအပါအဝင် ကျပ် ၂၂၃၁၁ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးဖြစ်

၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁ ဒသမ ၂၃၈ ဘီလျံအပါအဝင် ကျပ် ၂၂၃၁၁ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးဖြစ်
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုတွင် ဝန်ထမ်းများ အလုပ်ဆင်းချိန်မြင်ကွင်း (ဓာတ်ပုံ - သီဟအောင်)
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုတွင် ဝန်ထမ်းများ အလုပ်ဆင်းချိန်မြင်ကွင်း (ဓာတ်ပုံ - သီဟအောင်)
Published 14 November 2021

၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၁ ဒသမ ၂၃၈ ဘီလျံကျော် အပါအဝင် ကျပ် ၂၂၃၁၁ ဘီလျံကျော်ရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်အထိ ကဏ္ဍအလိုက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ဒေါ်လာ ၃ ဒသမ ၄၅၇ ဘီလျံကျော် အပါအဝင် ကျပ် ၄၉၄၁ ဒသမ ၂၉၈ ဘီလျံကျော်ဖြင့် အများဆုံးဖြစ်သည်။

အိမ်ခြံမြေဖွံ့ဖြိုးရေးကဏ္ဍ၌ ဒေါ်လာ ၁ ဒသမ ၂၉၅ ဘီလျံအပါအဝင် ကျပ်  ၄၈၈၄ ဒသမ ၉၆၄ ဘီလျံကျော်၊ အခြားကဏ္ဍတွင် ဒေါ်လာ ၁ ဒသမ ၉၂၉ ဘီလျံကျော် အပါအဝင် ကျပ် ၃၆၃၆ ဘီလျံကျော်၊ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် ဒေါ်လာ ၂ ဒသမ ၁၂၄ ဘီလျံကျော် အပါအဝင် ကျပ် ၂၈၀၂ ဒသမ ၇၇၄ ဘီလျံကျော်၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍ၌ ဒေါ်လာ ၈၈၅ သန်း အပါအဝင် ကျပ် ၂၃၆၇ ဒသမ ၀၇၀ ဘီလျံကျော်၊ ဆောက်လုပ်ရေးကဏ္ဍတွင် ဒေါ်လာ  ၅၁၆ သန်းအပါအဝင် ကျပ် ၁၁၅၅ ဒသမ ၈၆၂ ဘီလျံကျော်၊ Industrial Estate ကဏ္ဍတွင် ဒေါ်လာ ၉၇ သန်းကျော်အပါအဝင် ကျပ် ၈၉၉ ဘီလျံကျော်၊ စွမ်းအင်ကဏ္ဍတွင် ဒေါ်လာ သန်း ၅၀၀ ကျော်အပါအဝင် ကျပ် ၈၉၆ ဒသမ ၁၆၄ ဘီလျံကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၌ ဒေါ်လာ ၂၃၇  သန်းကျော်အပါအဝင် ကျပ် ၄၀၉ ဒသမ ၁၁၄ ဘီလျံကျော်၊ သတ္တု ကဏ္ဍ၌ ဒေါ်လာ  ၁၂၁ သန်းကျော် အပါအဝင် ကျပ် ၂၁၂ ဒသမ ၃၈၉ ဘီလျံကျော်၊ လယ်ယာကဏ္ဍတွင် ဒေါ်လာ ၆၉ သန်းကျော် အပါအဝင် ကျပ် ၉၁ ဘီလျံကျော်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ဒေါ်လာသုံးသန်းကျော် အပါအဝင် ကျပ် ၁၃ ဒသမ ၇၂၃ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်အထိ ရင်းနှီးမြှုပ်နှံထားသော ကျပ် ၂၂၃၀၆ ဘီလျံကျော်၏ ကဏ္ဍအလိုက် ရင်းနှီးမြှုပ်နှံထားသည့် ရာခိုင်နှုန်းမှာ အိမ်ခြံမြေဖွံ့ဖြိုးရေး ကဏ္ဍ၌ ၂၁ ဒသမ ၉၀ ရာခိုင်နှုန်း၊ အခြားကဏ္ဍတွွင် ၁၆ ဒသမ ၃၀ ရာခိုင်နှုန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ၂၂ ဒသမ ၁၃ ရာခိုင်နှုန်း၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၌ ၁၂ ဒသမ ၅၆ ရာခိုင်နှုန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် ၁၀ ဒသမ ၆၁ ရာခိုင်နှုန်း၊ စွမ်းအင်ကဏ္ဍတွင် ၄ ဒသမ ၀၂ ရာခိုင်နှုန်း၊ စက်မှုဖွံ့ဖြိုး ရေးကဏ္ဍတွင် ၄ ဒသမ ၀၃ ရာခိုင်နှုန်း၊ မွေမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ တွင် ၁ ဒသမ ၈၃ ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးကဏ္ဍတွင် ၅ ဒသမ ၁၈ ရာခိုင်နှုန်း၊ သတ္တုတူးဖော်ရေး ကဏ္ဍတွင် သုည ဒသမ ၉၅ ရာခိုင်နှုန်း၊ စိုက်ပျိုးရေးကဏ္ဍ၌ သုည ဒသမ ၄၁ ရာခိုင်နှုန်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင် သုည ဒသမ ၀၆ ရာခိုင်နှုန်းတို့ဖြစ်သည်။

နှစ်အလိုက် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုပမာဏများမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၁၅၆၆၃၅၀ ဒသမ ၂၈၂ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၃၆၇၃၄၈၅ ဒသမ ၆၇၁ သန်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၁၇၄၄၅၈၅ ဒသမ ၁၉၉ သန်း၊ ၂၀၁၉ ခုနှစ် ဧပြီမှ ၂၀၁၉ ခုနှစ် စက်တင်ဘာ (ဘတ်ဂျက်ကြားကာလ) တွင် ကျပ် ၅၄၆၀၃၉ ဒသမ ၁၂၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကျပ် ၂၆၁၉၃၉၅ ဒသမ ၆၂၈ သန်း ရှိသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းလုပ်ငန်းအသစ် ၁၃၀ ခုကို ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆၆ ဒသမ ၈၇၃ သန်း အပါအဝင် ကျပ် ၁၅၃၅ ဒသမ ၀၇၅ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင်ရွက်ဆဲဖြစ်သော လုပ်ငန်းအရေအတွက်ပေါင်း ၃၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၄၆ ဒသမ ၇၄၅ သန်း အပါအဝင် ကျပ် ၃၄၆ ဒသမ ၃၈၄ ဘီလျံ ထပ်မံတိုးမြှင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့သဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၄၁၃ ဒသမ ၆၁၈ သန်း အပါအဝင် ကျပ် ၁၈၈၁ ဒသမ ၄၅၉ ဘီလျံကို လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သည်။

Most Read

Most Recent