ဗဟိုဘဏ်ကရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် တင်သွင်းခဲ့သော စက်သုံးဆီများဖြစ်သည့် Ron 92 ၃၃၉၄၂၆၇၉ လီတာ၊ ဒီဇယ် ၁၈၆၇၇၈၈၂ လီတာနှင့် Premium ဒီဇယ် ၂၉၄၈၄၉၉၁ လီတာရောင်းချ

ဗဟိုဘဏ်ကရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် တင်သွင်းခဲ့သော စက်သုံးဆီများဖြစ်သည့် Ron 92 ၃၃၉၄၂၆၇၉ လီတာ၊ ဒီဇယ် ၁၈၆၇၇၈၈၂ လီတာနှင့် Premium ဒီဇယ် ၂၉၄၈၄၉၉၁ လီတာရောင်းချ
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 13 November 2021

ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ ရက်မှစတင်၍ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရောင်းချပေးလျက်ရှိပြီး Ron ၃၃၉၄၂၆၇၉ လီတာ၊ ဒီဇယ် ၁၈၆၇၇၈၈၂ လီတာနှင့် Premium ဒီဇယ် ၂၉၄၈၄၉၉၁ လီတာ ရောင်းချပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်း စီစဉ်မှုဖြင့် ပြည်သူများ သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည်။ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေးနေသည့် စက်သုံးဆီဆိုင်လိပ်စာများကိုလည်း ထုတ်ပြန်ထားသည်။

စားသုံးသူပြည်သူများအနေဖြင့် စက်သုံးဆီများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီအရောင်းဆိုင်များတွင် ဖော်ပြပါစျေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်း ကော်မတီဖုန်း ၀၉၆၆၄၀၇၅၆၈၃၊ ၀၉၆၆၄၅ -၉၆၃၂၇၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး-၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းဖုန်း ၀၉၄၂၁၀၀၆၇၉၄ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်သည်။

ယင်းထုတ်ပြန်ထားသည့်စျေးနှုန်းများအရ ရန်ကုန်တိုင်းဒေသကြီးတွင် Ron 92 ၁၃၆၂ ကျပ်၊ ရိုးရိုးဒီဇယ် ၁၃၃၄ ကျပ်၊ Premium ဒီဇယ် ၁၃၄၁ ကျပ်၊ မန္တလေးတိုင်းဒေသကြီးတွင် Ron 92 ၁၄၀၇ ကျပ်၊ ရိုးရိုးဒီဇယ် ၁၃၆၉ ကျပ်၊ Premium ဒီဇယ် ၁၃၇၆ ကျပ်၊ နေပြည်တော်တွင် Ron 92 ၁၄၅၂ ကျပ်၊ ရိုးရိုးဒီဇယ် ၁၃၇၅ ကျပ်၊ Premium ဒီဇယ် ၁၃၈၁ ကျပ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် Ron 92 ၁၄၆၂ကျပ်၊ ရိုးရိုးဒီဇယ် ၁၃၇၀ ကျပ်၊ Premium ဒီဇယ် ၁၃၇၆ ကျပ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် Ron 92 ၁၃၈၂ ကျပ်၊ ရိုးရိုးဒီဇယ် ၁၃၅၄ ကျပ်၊ Premium ဒီဇယ် ၁၃၆၁ ကျပ်၊ ပဲခူးတိုင်းဒေသကြီးတွင် Ron 92 ၁၃၇၇ ကျပ်၊ ရိုးရိုးဒီဇယ် ၁၃၄၉ ကျပ်၊ Premium ဒီဇယ် ၁၃၅၆ကျပ်၊ မကွေးတိုင်းဒေသကြီးတွင် Ron 92 ၁၄၀၂ကျပ်၊ ရိုးရိုးဒီဇယ် ၁၃၆၉ကျပ်၊ Premium ဒီဇယ် ၁၃၇၆ကျပ်၊ မွန်ပြည်နယ်တွင် Ron 92 ၁၃၉ရကျပ်၊ ရိုးရိုးဒီဇယ် ၁၃၆၉ ကျပ်၊ Premium ဒီဇယ် ၁၃၇၆ ကျပ်၊ ကရင်ပြည်နယ်တွင် Ron 92 ၁၄၄၇ ကျပ်၊ ရိုးရိုးဒီဇယ် ၁၃၇၀ ကျပ်၊ Premium ဒီဇယ် ၁၃၇၆ ကျပ်၊ ရခိုင်ပြည်နယ်တွင် Ron 92 ၁၄၅ရကျပ်၊ ရိုးရိုးဒီဇယ် ၁၄၂၉ကျပ်၊ Premium ဒီဇယ် ၁၄၃၆ ကျပ်၊ ရှမ်းပြည်နယ်တွင် Ron 92 ၁၄၁၂ ကျပ်၊ ရိုးရိုးဒီဇယ် ၁၃၇၄ ကျပ်၊ Premium ဒီဇယ် ၁၃၈၁ ကျပ်တို့ဖြစ်သည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိ စက်သုံးဆီအရောင်းဆိုင် ၂၂၇ ဆိုင်တွင် အထက်ဖော်ပြပါစျေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အထူးစျေးနှုန်းဖြင့် ရောင်းချလျက်ရှိသော စက်သုံးဆီ အရောင်းဆိုင်များစာရင်းနှင့် စျေးနှုန်းများကိုလည်း ထုတ်ပြန်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent