ကိုယ်ဝန်ဆောင်မိခင်များ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံမည်ဆိုပါက သက်ဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်၍ ထောက်ခံချက်ရမှသာ ထိုးနှံသင့်

ကိုယ်ဝန်ဆောင်မိခင်များ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံမည်ဆိုပါက သက်ဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်၍ ထောက်ခံချက်ရမှသာ ထိုးနှံသင့်
Published 12 November 2021
ငြိမ်းငြိမ်းသူ

ကိုယ်ဝန်ဆောင်မိခင်များ COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံမည်ဆိုပါက သက်ဆိုင်ရာဆရာဝန်နှင့်တိုင်ပင်၍ ညွှန်ကြား ထောက်ခံချက်ရရှိမှသာ ထိုးနှံသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

“ထိုးမယ့်ဆေးအမျိုးအစားပေါ်လည်း မူတည်တယ်။ ပြီးတဲ့အခါ  ကိုယ်ဝန်ဆောင်ရဲ့ ပထမ သုံးလလား။ ဒုတိယ သုံးလလား။ တတိ ယ သုံးလလား ဒါတွေအပေါ်လည်း မူတည် တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကိုယ်ဝန် ဆောင်တွေအနေနဲ့ ကာကွယ်ဆေးထိုးမယ်ဆို ရင် မိမိရဲ့ဆရာဝန်နဲ့ တိုင်ပင်ပြီးတော့ ထိုးဖို့ ပြောထားပါတယ်။ ဘာဆေးထိုးမှာလဲ။ ဘယ် အချိန်ထိုးမှာလဲ ဒါက ဆရာဝန်နဲ့တိုင်ပင်တာ ကောင်းမယ်။ အဓိက ထိုးနှံခြင်းခံယူမှု သင့်မ သင့်ကို ဆရာဝန်နဲ့တိုင်ပင်ပါ” ဟု ၎င်းက ပြော ကြားသည်။

ကိုယ်ဝန်ဆောင်မိခင်များ၌ COVID-19 ရောဂါ ကူးစက်ခံရပါက သာမန်လူထက် ရောဂါပြင်းထန်စွာ ခံစားရနိုင်ပြီး သက်ဆိုင်ရာ ဆရာဝန်ထံမှ ကာကွယ်ဆေးထိုးရန် ထောက် ခံချက်မရရှိသေးပါက အနီးအနားပတ်ဝန်း ကျင်မှ ထိုးထားရန်နှင့် ၎င်းင်းကိုယ်တိုင်လည်း ကာကွယ်ရေးနည်းလမ်းများကို လိုက်နာရန် အရေးကြီးကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

“ကိုယ်ဝန်ဆောင် မိခင်တွေကတော့ ပြင်းထန်ခံစားရတဲ့အထဲမှာတော့ ပါတယ်။ သူ့ရဲ့ကိုယ်ဝန်ပေါ်မူတည်ပြီး လအနု၊ အရင့် အနေအထား၊ ပြီးတဲ့အခါ ရောဂါရဲ့ပြင်းထန်မှု၊ နာတာရှည်ရောဂါအခံရှိမရှိ အခြားရောဂါ အခံ ရှိ မရှိ ဒါတွေ အမျိုးမျိုးရှိပါတယ်။ သာမန် လူထက်စာရင် ပိုပြီးတော့ ပြင်းထန်ခံစားရတဲ့ အုပ်စုထဲမှာပါတယ်။ ကိုယ့်ဆရာဝန်က ထိုးဖို့ မထောက်ခံထားသေးဘူးဆိုရင်လည်း ကိုယ့် အနီးအနားပတ်ဝန်းကျင်က ထိုးထားဖို့ ကိုယ် ကိုယ်တိုင်ကလည်း ကာကွယ်ရေးနည်းလမ်း တွေလိုက်နာဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောကြားသည်။

 

Most Read

Most Recent