ရန်ကုန်တိုင်းဒေသကြီးနှင့် မွန်ပြည်နယ် အပါအဝင် တိုင်းဒေသကြီး ခုနစ်တိုင်းမှ ၁၇ မြို့နယ်အား Stay at Home မှပယ်ဖျက် ကြောင်း နိုဝင်ဘာ ၁၁ ရက် ညပိုင်းတွင် ထုတ် ပြန်ကြေငြာခဲ့သည်။
ကြေငြာချက်တွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ ဒဂုံမြို့နယ်နှင့် မှော်ဘီမြို့နယ် အား Stay at Home မှပယ်ဖျက်ကြောင်း ပါရှိသည်။
ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်မြို့နယ် မြိတ်မြို့နယ်၊ ပဲခူး တိုင်းဒေသကြီးအတွင်းရှိ အုတ်တွင်းမြို့နယ်၊ ကဝမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ပြည်မြို့နယ်၊ နတ် တလင်းမြို့နယ်၊ မကွေးတိုင်းဒေသကြီးအ တွင်းရှိ ပခုက္ကူမြို့နယ်၊ စလင်းမြို့နယ်၊ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ ဝမ်းတွင်းမြို့နယ်၊ မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသ ကြီးအတွင်းရှိ ကန်ကြီးထောင့်မြို့နယ်၊ ကျုံ ပျော်မြို့နယ်၊ သာပေါင်းမြို့နယ်တို့အား Stay at Homeမှ ပယ်ဖျက်လိုက်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။















