ကမ္ဘာ့ဒေါ်လာစျေး အညွန်းကိန်း ၉၄ ပွိုင့် ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၄ ကျပ်ဝန်းကျင်ရှိနေ

ကမ္ဘာ့ဒေါ်လာစျေး အညွန်းကိန်း ၉၄ ပွိုင့် ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၇၈၄ ကျပ်ဝန်းကျင်ရှိနေ
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကိုတွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုကိုတွေ့ရစဉ်
Published 11 November 2021

နိုဝင်ဘာ၁၁၁ရက်တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၄ ပွိုင့်ဝန်းကျင်ရှိပြီး နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၇၈၄ ဝန်းကျင်ရှိကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၁၇၈၃ ဝန်းကျင်သို့ ရောက်ရှိပြီးနောက် ဝယ်ယူလိုသူ များပြားနေပြီး ငွေလဲ ကောင်တာ အများစုတွင် ဒေါ်လာရောင်းချနိုင်ခြင်း မရှိဖြစ်နေကြောင်း နိုင်ငံခြားငွေကြေးရောင်း ဝယ်ယူသူများထံမှ သိရသည်။

နိုင်ငံခြားငွေများ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်ရာတွင် ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်း ± ၀.၅ % ဘောင်အတွင်း သတ်မှတ်ဆောင်ရွက်ရန် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ပြန်ပြီးနောက် စျေးကွက်အတွင်း တစ်ဒေါ်လာ ကျပ်  ၁၇၀ ခန့် စျေးပြန်ကျပြီး နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် စျေးစတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါသတ်မှတ်ချက်အား ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု စည်းမျဉ်းတို့အရ အရေးယူမည်ဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်သည် ၂၀၂၁ ခုနှစ်  နိုဝင်ဘာ ၁ဝရက်မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာ ၁၀ ရက် နံနက်ပိုင်းတွင် တစ်ဒေါ်လာ ကျပ် ၁၇၈၀ ဝန်းကျင်ဖြင့် စတင်ဖွင့်လှစ်ခဲ့သော်လည်း ဝယ်ယူလိုသူ များပြားနေပြီး ငွေလဲကောင်တာအများစုတွင် ဒေါ်လာရောင်းချနိုင်ခြင်းမရှိ ဖြစ်နေကြောင်း သိရသည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ဖြစ်ပေါ် သော အခြားနိုင်ငံခြား ငွေကြေးများလဲလှယ်မှု နှုန်းထားများမှာ ယူရို ၂၀၃၀ ကျပ်၊ စင်ကာပူဒေါ် လာ ၁၃၂၈ ကျပ်၊ မလေးရှားရင်းဂစ် ၄၂၅ ကျပ်၊ ထိုင်းဘတ်၅၆ ကျပ်၊ တရုတ်ယွမ်၂၉၅ ကျပ်၊ ဂျပန်ယန်း ၁၆ ကျပ်တို့ ဖြစ်သည်။

နိုင်ငံခြားငွေရောင်းစျေးနှုန်းနှင့် ဝယ်စျေးနှုန်းအကြား အများဆုံးထားရှိရမည့် ကွာဟချက်သတ်မှတ်ခြင်းကို ပယ်ဖျက်ပြီးနောက် နိုင်ငံခြားငွေလဲ ကောင်တာများတွင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ကျပ် ၂၀၀၀ ဝန်းကျင်ဖြင့် စတင်ရောင်းချခဲ့ကြောင်း နိုင်ငံခြားငွေလဲကောင်တာများမှ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေ လုပ်ငန်းဆောင်ရွက်ချက်များမှာ  ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက် တစ်ရက်ရှိ မြန်မာ ကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်း ငွေလဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန် ဒေါ်လာရောင်းချရန် စျေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်သည့် ရာခိုင်နှုန်းသည် ချ မှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက် ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန်စျေးပြိုင် လေလံဖွင့်လှစ်ဆောင်ရွက်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း ပြင်ဆင်သည့် အမိန့်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်စွဲဖြင့် အမိန့်ကြော်ငြာစာအမှတ် ၄၆/၂၀၂၁  ဖြင့် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၉ ပုဒ် မခွဲ(က)အရ အပ်နှင်းအထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့၏  သဘောတူညီချက်ဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ် ၃၅ အား ပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရရှိသူသည်  ပို့ကုန်အမှန်တကယ် တင်ပို့ခဲ့သည့် ပို့ကုန်တင်ပို့သည့် အထောက်အထားများအရ ကုန်စည်များကို သင်္ဘောတင်သည့်နေ့မှသုံး လအတွင်း ပို့ကုန်တင်ပို့သူများက ပို့ကုန်ရငွေများ လက်ခံရရှိခြင်းရှိ မရှိကို စိစစ်ရမည် ဟု ပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသတ်မှတ်ချက်အား ကျော်လွန်ဆောင်ရွက်ပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်းတို့အရ အရေးယူမည်ဖြစ်ကြောင်း၊ ယင်းညွှန်ကြားချက်သည် ၂၀၂၁ ခုနှစ်  နိုဝင်ဘာ ၁၀ ရက်မှစ၍ အကျိုးသက်ရောက်စေမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent