ကစားသမားအားလုံး၊ နည်းပြအားလုံး၊ ဘောလုံးအဖွဲ့ချုပ်အားလုံ၊ ပရိသတ်အားလုံး၊ ဂျာနယ်လစ်အားလုံး၊ အားလုံးပေါ့လေ၊ လူ့အခွင့်အရေးကို ရိုးရှင်းစွာအလေးထားမယ့်သူတစ်ယောက်ယောက်ပေါ့လေ။ ကာတာကမ္ဘာ့ဖလားအကြောင်း ဆက်ပြောပေးပါလား။ ဆွေးနွေးမှုတွေ ဆက်လုပ်ပေးပါလား။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် မိတ်ဆွေတို့ရဲ့အသံကို ဆက်လက်ထုတ်လွှင့်ပေးပါလား။ သူတို့အတွက် ရေးသားပါ၊ Blog မှာတင်ပါ၊ Tweet ပါ။ ကြေညာချက်တွေ ပုံနှိပ်ထုတ်ဝေပါ။ ထုတ်ဖော်ပြောဆိုပေးပါ။ အဲဒီလုပ်ရပ်တွေဟာ ကာ တာနဲ့ ဖီဖာဆီ ရောက်ရှိသွားမယ့် ဖိအားတွေပါပဲ။ မိတ်ဆွေတို့သာ ဒီလိုလုပ်ပေးမယ်ဆိုရင်ရွှေ့ပြောင်း အလုပ်သမားတွေအတွက် သိပ်ပြီးအကျိုးရှိလိမ့်မယ်။ ကျွန်တော် တကယ်ပြောတာပါ။ သူတို့က သိပ်ပြီးကျေးဇူးတင်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ (၂)နှစ်ခွဲလောက်တုန်းက ကိုယ်ပိုင်ကိစ္စရှိလို့ ကာတာနိုင်ငံကို ရောက်ခဲ့ပါတယ်။ ကာတာနိုင်ငံက အခြေအနေတွေကို ပိုပြီးသိခွင့်ရခဲ့ ပါတယ်။ တကယ်ဆိုရင် ကျွန်တော်က ကျွမ်းကျင် သူကြီးမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်က ဖင်လန်လက်ရွေးစင်အသင်းခေါင်းဆောင်လေ။ သိပ်မကြာမီမှာ ကာတာကမ္ဘာ့ဖလားကျင်းပမယ့် ကွင်းတွေထဲ ကျွန်တော်လည်း ကစားချင်ကစားနေနိုင်တာပဲ။
ကာတာကမ္ဘာ့ဖလားအကြောင်း ပြောပါရစေ
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















