ဘာစီလိုနာအသင်းသည် နှလုံးပြဿနာကြောင့် (၃)လနီးပါးအနားယူရဖွယ်ရှိနေသည့် အသင်းတိုက်စစ်မှူး အဂွဲရိုး၏နေရာတွင် တရုတ်စူပါလိဂ်ကလပ် ဘေဂျင်းဂူအမ်အသင်း၏ ကွန်ဂိုလက်ရွေးစင်တိုက်စစ်မှူး ဘာကမ်ဘူအား ကာလတိုခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။
ဗီလာရီးယဲလ်အသင်းတိုက်စစ်မှူးဟောင်း ဘာကမ်ဘူ (၃၀ နှစ်) သည် ဘေဂျင်းဂူအမ်အသင်းနှင့် လာမည့်ဇန်နဝါရီ တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဘာစီလိုနာအသင်းအနေဖြင့် လာလီဂါ အတွေ့အကြုံရှိ ၎င်းအား ရေတိုအစားထိုးရန် စီစဉ်နေခြင်းဖြစ်သည်။
ဘာကမ်ကူသည် ဘေဂျင်းဂူအမ်အသင်းအတွက် ပြိုင်ပွဲစုံ(၇၄)ပွဲတွင် (၅၃)ဂိုးအထိ သွင်းယူပေးထားသူဖြစ်ကြောင်း သိရသည်။















