မာရာဒိုနာကွယ်လွန်ခြင်းတစ်နှစ်ပြည့် ဝတ်စုံဖြင့် နာပိုလီအသင်း ယှဉ်ပြိုင်ကစားနေ

မာရာဒိုနာကွယ်လွန်ခြင်းတစ်နှစ်ပြည့် ဝတ်စုံဖြင့် နာပိုလီအသင်း ယှဉ်ပြိုင်ကစားနေ
Photo: CBS
Photo: CBS
Published 8 November 2021

နာပိုလီအသင်းသည် ယခုနိုဝင်ဘာလအတွင်းတွင် အာဂျင်တီးနားဂန္ထဝင်တိုက်စစ်မှူး မာရာဒိုနာ ကွယ်လွန်ခြင်းတစ်နှစ်ပြည့်အမှတ်တရဝတ်စုံဖြင့် စီးရီးအေပွဲစဉ်များ ယှဉ်ပြိုင်ကစားနေကြောင်း သိရသည်။

မာရာဒိုနာသည် နာပိုလီအသင်းနှင့် စီးရီးအေချန်ပီယံဆု ရယူပေးပြီး ပရိသတ်အချစ်တော် ကစားသမားလည်းဖြစ်သည်။

ယခုအခါ နာပိုလီအသင်းသည် မာရာဒိုနာရုပ်ပုံပါ ဒီဇိုင်းအသစ်ကို ကြေညာထားပြီး နိုဝင်ဘာလ (၂၅)ရက်တွင် တစ်နှစ်ပြည့်မည့် မာရာဒိုနာ ကွယ်လွန်ခြင်းအမှတ်တရအဖြစ် ဗီရိုနာ၊ အင်တာမီလန်၊ လာဇီယိုအသင်းတို့နှင့် ပွဲစဉ်များတွင် ဝတ်ဆင်သွားရန် စီစဉ်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဗီရိုနာနှင့်ပွဲတွင် စတင်ဝတ်ဆင်ခဲ့ကြောင်း သိရသည်။

မာရာဒိုနာသည် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၅)ရက်တွင် ရုတ်တရက်ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းသေဆုံးမှုသည် နှလုံးရောဂါဟု ယူဆရသော်လည်း လက်ရှိအချိန်အထိ အမာခံပရိသတ်များက လက်မခံနိုင်သေးကြောင်း သိရသည်။

Most Read

Most Recent