ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ ရက်မှစတင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရောင်းချပေးလျက်ရှိပြီး Ron ၂၆၅၁၄၉၃၈ လီတာ ၊ ဒီဇယ် ၁၉၅၉၅၈၆၁ လီတာနှင့် Premium ဒီဇယ် ၂၅၃၆၃၃၃၉ လီတာရောင်းချပေးထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသော စျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ မှစတင်၍ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေးနေသည့် အရောင်းဆိုင်များနှင့် စျေးနှုန်းများကို ထုတ်ပြန်ထားသည်။
စားသုံးသူပြည်သူများအနေဖြင့် စက်သုံးဆီများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီ အရောင်းဆိုင်များတွင် ဖော်ပြပါစျေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေုးပ်ငန်း ကော်မတီဖုန်း ၀၉၆၆၄၀၇၅၆၈၃၊ ၀၉၆၆၄၅ -၉၆၃၂၇၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး-၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေး အသင်းဖုန်း ၀၉၄၂၁၀၀၆၇၉၄ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်သည်။
ယင်းထုတ်ပြန်ထားသည့် စျေးနှုန်းများအရ တနင်္သာရီတိုင်းဒေသကြီးတွင် စက်သုံးဆီတစ်လီတာ စျေးနှုန်းများအနေဖြင့် Ron 92 ၁၄၆၇ ကျပ်၊ ရိုးရိုးဒီဇယ် ၁၃၇၅ ကျပ်၊ Premium ဒီဇယ် ၁၃၈၁ ကျပ်၊ ရှမ်းပြည်နယ်တွင် Ron 92 ၁၄၁၂ ကျပ် ၊ရိုးရိုးဒီဇယ် ၁၃၇၄ ကျပ်၊ Premium ဒီဇယ် ၁၃၈၁ ကျပ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် Ron 92 ၁၄၆၂ ကျပ် ၊ရိုးရိုးဒီဇယ် ၁၃၇၀ ကျပ်၊ Premium ဒီဇယ် ၁၃၇၆ ကျပ်၊ရခိုင်ပြည်နယ်တွင် Ron 92 ၁၄၅၇ ကျပ် ၊ရိုးရိုးဒီဇယ် ၁၄၂၉ ကျပ်၊ Premium ဒီဇယ် ၁၄၃၆ ကျပ်၊မွန်ပြည်နယ်တွင် Ron 92 ၁၃၉ရကျပ် ၊ရိုးရိုးဒီဇယ် ၁၃၆၉ ကျပ်၊ Premium ဒီဇယ် ၁၃၇၆ကျပ်၊ မကွေးတိုင်းဒေသကြီးတွင် Ron 92 ၁၄၀၂ ကျပ် ၊ရိုးရိုးဒီဇယ် ၁၃၆၉ ကျပ်၊ Premium ဒီဇယ် ၁၃၇၆ကျပ်၊ ပဲခူးတိုင်းဒေသကြီးတွင် Ron 92 ၁၃၇၇ ကျပ်၊ ရိုးရိုးဒီဇယ် ၁၃၄၉ ကျပ်၊ Premium ဒီဇယ် ၁၃၅၆ ကျပ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် Ron 92 ၁၃၈၂ ကျပ်၊ ရိုးရိုးဒီဇယ် ၁၃၅၄ ကျပ်၊ Premium ဒီဇယ် ၁၃၆၁ ကျပ်တို့ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် Ron 92 ၁၃၆၂ ကျပ်၊ ရိုးရိုးဒီဇယ် ၁၃၃၄ ကျပ်၊ Premium ဒီဇယ် ၁၃၄၁ ကျပ်၊ မန္တလေးတိုင်းဒေသကြီးတွင် Ron 92 ၁၄၀၇ ကျပ်၊ ရိုးရိုးဒီဇယ် ၁၃၆၉ ကျပ်၊ Premium ဒီဇယ် ၁၃၇၆ ကျပ်၊ နေပြည်တော်၌ Ron 92 ၁၄၅၂ ကျပ်၊ ရိုးရိုးဒီဇယ် ၁၃၇၅ ကျပ်၊ Premium ဒီဇယ် ၁၃၈၁ ကျပ်ဖြစ်သည်။
ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရောင်းချလျက်ရှိသော စက်သုံးဆီအရောင်းဆိုင်များစာရင်းကို ထုတ်ပြန်ထားရာ စက်သုံးဆီအရောင်းဆိုင်စုစုပေါင်း ၂၄၆ ဆိုင်မှ ရောင်းချနေခြင်းဖြစ်ကြောင်း၊ သတ်မှတ်စျေးနှုန်းအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက တိုင်ကြားနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။