ပရီးမီးယားလိဂ်လစာအများဆုံးရ နည်းပြစာရင်းတွင် တတိယနေရာ၌ ကွန်တီ ရပ်တည်

ပရီးမီးယားလိဂ်လစာအများဆုံးရ နည်းပြစာရင်းတွင် တတိယနေရာ၌ ကွန်တီ ရပ်တည်
Photo: Getty Images
Photo: Getty Images
Published 4 November 2021

စပါးအသင်းနည်းပြသစ် ကွန်တီသည် ပရီးမီးယားလိဂ်လစာအများဆုံးရနည်းပြစာရင်းတွင် တတိယနေရာ၌ ရပ်တည်ခဲ့ကြောင်း Telegraph သတင်းစာက ဖော်ပြခဲ့သည်။

စပါးအသင်းသည် နိုဝင်ဘာ (၂)ရက်တွင် ရာထူူးမှထုတ်ပယ်လိုက်သည့် နူနိုဆန်တိုနေရာ၌ ကွန်တီကို (၁၈)လစာချုပ်ဖြင့် အသင်းနည်းပြအဖြစ် အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

ကွန်တီသည် စပါးအသင်းတွင် တစ်နှစ်လစာ ပေါင်(၁၃.၅) သန်း ရရှိမည်ဟု Telegraph က ဖော်ပြခဲ့ပြီး ၎င်းအနေဖြင့် ပရီးမီးယားလိဂ်လစာအများဆုံးရ နည်းပြစာရင်းတွင် တတိယနေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရှိရသည်။

ပရီးမီးယားလိဂ်တွင် ကွန်တီထက် လစာပိုရနေသည့် နည်းပြနှစ်ဦးသာရှိပြီး ၎င်းတို့မှာ မန်စီးတီးနည်းပြ ဂွါဒီယိုလာနှင့် လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်တို့ဖြစ်ကြောင်း သိရသည်။

ဂွါဒီယိုလာသည် မန်စီးတီးအသင်းတွင် တစ်နှစ်လစာ ပေါင်သန်း (၂၀)ရရှိနေပြီး ယာဂန်ကလော့ပ်သည် လီဗာပူးလ်အသင်းတွင် တစ်နှစ်လစာ ပေါင် (၁၅)သန်း ရရှိနေကြောင်း သိရသည်။

၎င်းတို့နှစ်ဦး၏နောက်တွင် ကွန်တီက ရပ်တည်ခဲ့ကာ စတုတ္ထနေရာတွင် လက်စတာအသင်းနည်းပြ ဘရန်ဒန်ရော်ဂျာက ပေါင် (၁၀)သန်းဖြင့် ရပ်တည်နေပြီး မန်ယူအသင်းနည်းပြ ဆိုးလ်ရှားမှာမူ တစ်နှစ်လစာ ပေါင် (၇.၅)သန်းဖြင့် အဆင့်(၆) နေရာ၌ ရပ်တည်နေသည်။ 

Most Read

Most Recent