စီရော်နယ်လ်ဒို ရှိနေခြင်းကြောင့် ယခုရာသီ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် မန်ယူအသင်း ပစ်မှတ်ထားသင့်ကြောင်း ရှရင်ဂမ် တိုက်တွန်း

စီရော်နယ်လ်ဒို ရှိနေခြင်းကြောင့် ယခုရာသီ ချန်ပီယံလိဂ်တွင် ဗိုလ်စွဲရန် မန်ယူအသင်း ပစ်မှတ်ထားသင့်ကြောင်း ရှရင်ဂမ် တိုက်တွန်း
Photo: Getty Images
Photo: Getty Images
Published 4 November 2021

မန်ယူတိုက်စစ်မှူးဟောင်း ရှရင်ဂမ်က စီရော်နယ်လ်ဒို ရှိနေခြင်း ကြောင့် မန်ယူအသင်းအနေဖြင့် ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲရန် ပစ်မှတ်ထားသင့်ကြောင်း တိုက်တွန်းခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီတွင်ရုန်းကန်နေရခြင်းကြောင့် အသင်းနည်းပြ ဆိုးလ်ရှား၏အနာဂတ်မှာ လှုပ်ခတ်မှုများရှိနေသော်လည်း ပြီးခဲ့သည့် နွေရာသီတွင် မန်ယူအသင်းသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သည့် စီရော်နယ်လ်ဒိုမှာမူ ခြေစွမ်းပြဂိုးများ သွင်းယူပေးလျက်ရှိသည်။

စီရော်နယ်လ်ဒိုသည် မန်ယူအသင်းအတွက် ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၄)ပွဲဆက် ဂိုးသွင်းထားပြီး ယခုရာသီ ၎င်း၏ချန်ပီယံလိဂ်သွင်းဂိုးမှာ (၅)ဂိုးအထိ ရှိနေပြီဖြစ်သည်။

ထို့ကြောင့် စီရော်နယ်လ်ဒိုကို ပိုင်ဆိုင်ထားသည့် မန်ယူအသင်းအနေဖြင့် ချန်ပီယံလိဂ် ချန်ပီယံဆုကို ပစ်မှတ်ထားသင့်ကြောင်း ရှရင်ဂမ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

ရှရင်ဂမ်က ''စီရော်နယ်လ်ဒိုကို ပိုင်ဆိုင်ထားတဲ့ အသင်းအနေနဲ့ ချန်ပီယံဆုတွေကို ပစ်မှတ်ထားနိုင်ပါတယ်။ စီရော်နယ်လ်ဒိုအနေနဲ့ ချန်ပီယံလိဂ်သရဖူကို ရယူဖို့ ပစ်မှတ်ထားနေမယ်လို့ ကျွန်တော် ထင်ပါတယ်။ သူဟာ ချန်ပီယံလိဂ်ကို ကြိမ်ဖန်များစွာ ရယူခဲ့ဖူးပြီး အခုလည်း ထပ်လိုချင်နေမယ်လို့ ကျွန်တော် ထင်ပါတယ်။ အတ္တလန်တာနဲ့ပွဲအပြီးမှာ မန်ယူဟာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းနေပြီး စီရော်နယ်လ်ဒိုနဲ့အတူ ချန်ပီယံလိဂ်သရဖူကို ပစ်မှတ်ထားနိုင်ပါတယ်''ဟု ဆိုခဲ့သည်။ 

Most Read

Most Recent