■ လက်စတာ နှင့် စပါးတပ်မော်စကို (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ရုရှားမြေမှာ လက်စတာအသင်းက နောက်ကလိုက်ကစားခဲ့ရပေမဲ့ ဇမ်ဘီယာတိုက်စစ်မှူး ဒါကာရဲ့ စူပါဟက်ထရစ်ဂိုးနဲ့အတူ အနိုင်ရခဲ့လို့ အခြေအနေပြန်ကောင်းလာနိုင်မယ့် လမ်းကြောင်းပေါ် ရောက်ရှိလာခဲ့တယ်။ ပထမအကျော့တုန်းက လက်စတာအသင်းရဲ့ပွဲထွက်လူစာရင်းက မျှော်လင့်ထားတာထက် ပိုတောင့်တင်းခဲ့ပြီး အခုပွဲမှာတော့ ပွဲဆက်တွေများနေလို့ အနည်းငယ် အပြောင်းအလဲလုပ်လာနိုင်တာ ထည့်တွက်ရမယ်။ စပါးတပ်မော်စကိုအသင်းမှာ မိုဆက်စ်၊ ပရုမ်းစ်တို့လို ကစားသမားတွေ ရှိပေမဲ့ ပြိုင်ပွဲစုံ(၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားသလို၊ ရုရှားလိဂ်မှာတောင် ရုန်းကန်နေရကာ အမှတ်ပေးဇယားအလယ်ရဲ့နောက်ပိုင်းနား ရောက်နေတာတွေ့ရတယ်။ စပါးတပ်မော်စကိုအသင်း ယူရိုပါလိဂ်အဝေးကွင်းနောက်ဆုံးပွဲမှာ နာပိုလီကို အနိုင်ကစားနိုင်ခဲ့ပေမဲ့ လက်စတာကိုတော့ မယှဉ်နိုင်လောက်ဘူး။ လက်စတာကိုပဲ ရွေးချယ်ချင်တယ်။
■ မာဆေးလ် နှင့် လာဇီယို (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
အုပ်စု(E)ရဲ့လက်ရှိရပ်တည်မှုအရဆိုရင် လာဇီယိုနဲ့ မာဆေးလ်တို့ထဲက တစ်သင်းသင်း ပြိုင်ပွဲကိုနှုတ်ဆက်ရဖို့ များနေပြီး အခုပွဲက ဒီနှစ်သင်းရဲ့အနာဂတ်ကို အဓိကအဆုံးအဖြတ် ပေးပါလိမ့်မယ်။ မာဆေးလ်က အိမ်ကွင်းနောက်ဆုံးပွဲမှာ PSG လိုအသင်းကို သရေကစားထားပေမဲ့ ရလဒ်ပိုင်းကတော့ အတက်အကျ မမှန်ပါဘူး။ လာဇီယိုအသင်းကလည်း နောက်ဆုံးကစားထားတဲ့ ပြိုင်ပွဲစုံ(၁၀)ပွဲမှာ ရှုံးပွဲ(၂)ပွဲသာ ရှိပေမဲ့ အဲဒီရှုံးပွဲတွေက အဝေးကွင်းမှာဖြစ်ပြီး အဝေးကွင်း(၆)ပွဲဆက်တိုက်လည်း နိုင်ပွဲပျောက်ဆုံးထားတာ တွေ့ရတယ်။ သရေနဲ့ပဲ အဆုံးသတ်ဖို့များပါတယ်။
■ KRC ဂျန့် နှင့် ဝက်စ်ဟမ်း (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ဝက်စ်ဟမ်းအသင်းက ပြိုင်ပွဲစုံ(၅)ပွဲဆက်တိုက် အနိုင်ကစားပြီး အကောင်းဆုံးအနေအထားကို ရောက်နေတယ်။ အဲဗာတန်၊ စပါးနဲ့ ဗီလာအသင်းတွေကို အဝေးကွင်းမှာ အနိုင်ကစားခဲ့ပြီး လိဂ်ဖလားမှာ မန်စီးတီးကိုလည်း လူမစုံဘဲနဲ့ အနိုင်ယူခဲ့တာက ဒေးဗစ်မွိုက်စ်ရဲ့အသင်းကို အသိအမှတ်မပြုလို့ မရပါဘူး။ ဒါပေမဲ့ အခုပွဲပြီးရင် လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ် ပွဲကျပ်ကစားရမှာဖြစ်လို့ ဝက်စ်ဟမ်းအသင်းမှာ ကစားသမားပိုင်း အပြောင်းအလဲများနိုင်ပြီး အုပ်စုတွင်းအခြေအနေအရလည်း အခုပွဲမှာ အမှတ်ဆုံးရှုံးခံလို့ရနေတယ်။ အိမ်ရှင်ဖြစ်တဲ့ KRC ဂျန့်ကိုပဲ အရဲစွန့်ရွေးချင်တယ်။
■ လေဗာကူဆင် နှင့် ဘက်တစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
လေဗာကူဆင်အသင်း ဘိုင်ယန်ကို ဂိုးပြတ်အရေးနိမ့်ပြီး တဲ့နောက်ပိုင်း ရလဒ်ပိုင်းကျဆင်းသွားတာက အတော်လေး မယုံကြည်နိုင်စရာကောင်းနေတယ်။ အုပ်စုအနေအထားအရတော့ နှစ်သင်းစလုံးအဖို့ ဆဲလ်တစ်အသင်း ပြန်ဖိအားပေးလာနိုင်မယ့် အခြေအနေရှိပေမဲ့ စိုးရိမ်စရာမလိုပါဘူး။ ဘက်တစ်နဲ့ စွန့်စားတာ ပိုကောင်းမယ်။
■ လီဂီယာဝါဆော နှင့် နာပိုလီ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
နာပိုလီအသင်းက အိမ်ကွင်းဂိုးပြတ်နိုင်ပွဲနဲ့ မျှော်လင့်ချက် ပြန်ရှင်သန်လာတယ်။ ဒါပေမဲ့ နာပိုလီအနေနဲ့ ယူရိုပါလိဂ်ဘက်ကို ပြန်အာရုံစိုက်တော့မလား ဆိုတာကလည်း မှန်းဆလို့ မရပါဘူး။ လီဂီယာဝါဆောက အိမ်ကွင်းကစားရမှာဖြစ်ပေမဲ့ နာပိုလီ သာ အင်နဲ့အားနဲ့ကစားရင် ယှဉ်နိုင်ဖို့ခက်ပါတယ်။ ပိုလန်မြေမှာတော့ နာပိုလီ ဂိုးပြတ်ဖို့ မလွယ်လောက်ဘူး။
■ မိုနာကို နှင့် PSV (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
PSG အသင်းအတွက် အလွန်အရေးပါတဲ့ အဆုံးအဖြတ်ပွဲပါပဲ။ ဒါပေမဲ့ မိုနာကိုအသင်းရဲ့လတ်တလော ရလဒ်ပိုင်းတွေကြောင့် PSV အဖို့ မျှော်လင့်ချက်တော့ နည်းနေတယ်။ မိုနာကိုပဲ နိုင်ပွဲဆက်ဖို့များတယ်။
■ ဆိုစီဒက် နှင့် စတမ်းဂရက်ဇ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
မိုနာကို၊ PSV (၂)သင်းစလုံးကို သရေသာကစားထားတဲ့ ဆိုစီဒက်အသင်း ဒီလိုပွဲမျိုးကို အနိုင်ကစားရမယ့်အပြင် ဂိုးပြတ်သွင်းထားနိုင်ဖို့လည်း လိုအပ်နေတယ်။ ဆိုစီဒက် လူမစုံနိုင်ပေမဲ့ (၂)ဂိုးတော့ပြတ်လောက်တယ်။
■ အိုလံပီယာကော့စ် နှင့် ဖရန့်ဖတ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ဖရန့်ဖတ်အသင်း ဒီပွဲကို အမှတ်ပြည့်ယူနိုင်ခဲ့ရင် နောက်တစ်ဆင့်တက်ဖို့ သေချာသလောက်ရှိသွားလိမ့်မယ်။ ဒါပေမဲ့ အိုလံပီယာကော့စ်က အိမ်ကွင်းမာတာကို ထည့်တွက်ရင် ဖရန့်ဖတ် သရေလောက်တော့ရမှာပါ။















