သူတို့မိသားစုကမ္ဘာထဲ အမြွာလေးတွေ ထပ်မံဆိုက်ရောက်လာလို့ စီရော်နယ်လ်ဒိုနဲ့ ဂျော်ဂျီနာရိုဒရီဂွက်ဇ် ပျော်မဆုံးဖြစ်နေတယ်။ စီရော်နယ်လ်ဒိုက သူ့ရဲ့ Instagram ကနေ "အမြွာလေးတွေ ထပ်ပြီးပိုင်ဆိုင်ခွင့်ရတာ ကြေညာခွင့်ရလို့ ဝမ်းသာရပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးသားတွေဟာ ချစ်ခြင်းမှာပျော်ဝင်နေပြီး သူတို့ကို တွေ့ခွင့်ရမယ့်အချိန်အတွက် စောင့်မနေနိုင်တော့ဘူး" လို့ ပို့စ်တင်ခဲ့တယ်။ စီရော်နယ်လ်ဒိုက အဲဒီလိုပို့စ်တင်ရုံနဲ့ အားမရနိုင်ဘဲ အယ်လ်ထရာဆောင်းအဖြေကိုကိုင်ပြီး ဂျော်ဂျီနာရိုဒရီဂွက်ဇ် နဲ့အတူ တွဲရိုက်ထားတဲ့ဓာတ်ပုံ၊ သူ့ရဲ့ ရင်သွေးလေးဦးနဲ့အတူ ရေကူးကန်ထဲ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကိုပါ လူမှုကွန်ရက်ပေါ် မျှဝေခဲ့တယ်။
မျိုးဆက်များ (LIFE)
အပြည့်အစုံဖတ်ရှုလိုပါက ဝယ်ယူရန်
Eleven Media Group မှ တင်ဆက်သည့် သတင်းများအားလုံးကို
တစ်ပတ် ၈၀၀ ကျပ်တည်းဖြင့် ရယူ၍ စိတ်ကြိုက်၀င်ရောက်ဖတ်ရှုနိုင်ပြီ။















