မော်ရင်ဟိုနှင့်အတူ ရိုးမား ချန်ပီယံဆုရနိုင်ဟု ကင်မရွန်းတိုက်စစ်မှူးဟောင်း အီတူး ခန့်မှန်း

မော်ရင်ဟိုနှင့်အတူ ရိုးမား ချန်ပီယံဆုရနိုင်ဟု ကင်မရွန်းတိုက်စစ်မှူးဟောင်း အီတူး ခန့်မှန်း
Photo: Getty Images
Photo: Getty Images
Published 3 November 2021

 

နာမည်ကျော်ကင်မရွန်းတိုက်စစ်မှူးဟောင်း ဆမ်မြူရယ်အီတူးက နည်းပြ မော်ရင်ဟိုနှင့်အတူ ရိုးမားအသင်း စီးရီးအေချန်ပီယံဆု ရရှိနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ 

ရိုးမားအသင်းသည် မော်ရင်ဟိုကို လက်ရှိရာသီတွင် နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပြီး  အစောပိုင်းတွင် ရလဒ်ကောင်းများပိုင်ဆိုင်ခဲ့သော်လည်း နောက်ပိုင်းပွဲစဉ်များ၌ ရုန်းကန်နေရသည်။ 

သို့သော် အီတူးက မော်ရင်ဟို၏ အစွမ်းအစကို ယုံကြည်နေပြီး "မော်ရင်ဟိုက တစ်မူထူးခြားသူပါ။ ရိုးမားလိုအသင်းကို စီးရီးအေ ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးနိုင်တာ သူတစ်ယောက်ပဲရှိပါလိမ့်မယ်" ဟု ချီးကျူးပြောဆိုခဲ့သည်။ 

Most Read

Most Recent