အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI သို့ A32 - 214 လေယာဉ်တစ်စီး ထပ်မံရောက်ရှိ

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း MAI သို့ A32 - 214 လေယာဉ်တစ်စီး ထပ်မံရောက်ရှိ
Published 1 November 2021

အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) သည် ဒေသတွင်းနိုင်ငံများရှိ လေကြောင်းလိုင်းများနှင့် ရင်ဘောင်တန်း၍ ခရီးစဉ်များ ပျံသန်းပြေးဆွဲနိုင်ရန် ထပ်မံမှာယူထားသော Air Bus A32-214 သည် နိုဝင်ဘာ ၁ ရက်နေ့ နံနက်တွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှ တစ်ဆင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာကြောင်း သိရသည်။

အဆိုပါလေယာဉ်သည် တောင်ပံအဖျားတွင် Sharklets တပ်ဆင်ထားသော ပြင်သစ်နိုင်ငံ AirBus ကုမ္ပဏီမှ ထုတ်လုပ်မှု အမှတ်စဉ် MSN 5433 ဖြင့် ၂၀၁၄ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် Air Bus A320-214 လေယာဉ်အမျိုးအစားဖြစ်ကာ Business Class ထိုင်ခုံ ၈ ခုံနှင့် Economy ထိုင်ခုံ ၁၆၂ ခုံ တို့ပါဝင်ပြီး အဆိုပါလေယာဉ်ကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းက KALAW ဟု အမည်ပေးထားကြောင်း သိရသည်။

ယခုရောက်ရှိလာသည့် Air Bus A320-214 XY-ALT လေယာဉ်အား မကြာမီကာလတွင် တိုးချဲ့ပျံသန်းရန် စီစဉ်ထားရှိသည့် ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံခရီးစဉ်များအပါ အခြားသော ခရီးစဉ်အသစ်များကိုပါ တိုးချဲ့ပျံသန်းပြေးဆွဲနိုင်ရန် မှာယူထားသော လေယာဉ်ဖြစ်ကြောင်း သိရသည်။         

Most Read

Most Recent