တာလီဘန်အဖွဲ့၏ အမြင့်ဆုံးခေါင်းဆောင်ဖြစ်သည့် ဟိုင်ဘာတူလာ အက်ခန်ဇာဒါသည် ကန်ဒါဟာမြို့တွင် ထောက်ခံသူများကို မိန့်ခွန်းပြောကြားခဲ့သည်ဟု အရာရှိများက အောက်တိုဘာ ၃၁ ရက်တွင်ကြေညာခဲ့ပြီး ယင်းသည် တာလီဘန်အဖွဲ့ကို ခေါင်း ဆောင်အဖြစ်အုပ်ချုပ်ရသည့် ၂၀၁၆ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် လူထုမြင်ကွင်း သို့ ထွက်ပေါ်လာခြင်းဖြစ်သည်။
အက်ခန်ဇာဒါသည် ၂၀၁၆ ခုနှစ်က တည်းက တာလီဘန်အဖွဲ့၏ဘာသာရေးအ ကြီးအကဲဖြစ်ခဲ့သော်လည်း သြဂုတ်လက အာဖဂန်နစ္စတန် တွင် တာလီဘန်တို့ အာဏာရယူ ခဲ့သည့်တိုင် လျှို့ဝှက်စွာနေထိုင်ခဲ့သူတစ်ဦး ဖြစ်သည်။
ယင်းကဲ့သို့ ထင်ထင်ပေါ်ပေါ်နေထိုင် ခြင်းမရှိခဲ့မှုကြောင့် တာလီဘန်အစိုးရအဖွဲ့ သစ်တွင် ၎င်း၏ အခန်းကဏ္ဍအပေါ် ထင်ကြေးပေးမှုများထွက်ပေါ်ခဲ့ပြီး ၎င်းသေဆုံးသွားသည်ဟုပင် ကောလာဟလများ ထွက် ပေါ်ခဲ့သည်။
အောက်တိုဘာ ၃၀ ရက်တွင် သူသည် စစ်သားများနှင့် နောက်လိုက်များကို အားပေး သည့် မိန့်ခွန်းပြောကြားရန် ဒါရူလ်အူလွမ် ဟာကီမာ မာဒရက်ဆာသို့ သွားရောက်ခဲ့သည်ဟု တာလီဘန်အရာရှိများက ပြောကြား ခဲ့သည်။
၎င်း၏ ခရီးစဉ်တွင် လုံခြုံရေးတင်းကျပ် ထားပြီး ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ခွင့်မပြုခဲ့ သော်လည်း တာလီဘန်အဖွဲ့၏ လူမှုမီဒီယာ အကောင့်များတွင်မူ ၎င်း၏ ၁၀ မိနစ်ကြာ အသံဖိုင်ကို မျှဝေခဲ့ကြသည်။
ယင်းမိန့်ခွန်းတွင် နိုင်ငံရေးသဘောတ ရားများမပါရှိခဲ့သော်လည်း တာလီဘန်အဖွဲ့ ၏ ခေါင်းဆောင်မှုပိုင်းအတွက် ဘာသာရေးနွှယ်သည့် မိန့်ခွန်းများကို ပြောကြားခဲ့သည် ဟု ဆိုသည်။
ထို့ပြင် ယခုကဲ့သို့ ကြီးမားသည့် စမ်း သပ်မှုကာလတွင် အစ္စလာမ္မာစ် စော်ဘွား နိုင်ငံ၏ အရာရှိများ၏ အောင်မြင်မှုများနှင့် တိုက်ပွဲဝင်ရင်း ဒဏ်ရာရရှိသွားသည့် တိုက် ခိုက်ရေးသမားများ၊ တာလီဘန် အာဇာနည် များအတွက် ဆုတောင်းခဲ့သည်။
စစ်ရေးခေါင်းဆောင်တစ်ဦးထက် ဘာသာရေးခေါင်းဆောင်တစ်ဦးအဖြစ် ကျယ် ကျယ်ပြန့်ပြန့် ရှုမြင်ခံခဲ့ရသည့် အက်ခန်ဇာဒါ ၏ ထုတ်ပြန်မှုများအရ ၎င်းသည် တာလီဘန် အစိုးရအဖွဲ့သစ်တွင် အဓိကကျသည့် အခန်း ကဏ္ဍတွင် ပါဝင်ရန် စီစဉ်နေသည်ဟု ထင်ကြေးပေးမှုများကို မြင့်တက်စေခဲ့သည်။
အက်ခန်ဇာဒါသည် ၂၀၁၆ ခုနှစ်က အမေရိကန်၏ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည့် ယခင်ခေါင်းဆောင် မူ လာ အက်ခ်တာ မန်ဆောထံမှ အာဏာကို လွှဲပြောင်းရယူခဲ့ပြီးနောက် လူသိနည်းသည့် ဘာသာရေးခေါင်းဆောင်အဖြစ်မှ ၎င်းင်း၏ အ ခန်းကဏ္ဍမှာ ပိုမိုမြင့်တက်လာခဲ့သည်။
တာလီဘန်ခေါင်းဆောင်အဖြစ် ခန့်အပ် ခံခဲ့ရပြီးနောက် အက်ခန်ဇာဒါသည် အယ်ကေဒါ ခေါင်းဆောင်ဖြစ်ပြီး ဘာသာရေးဆရာ တစ်ဦးဖြစ်သည့် အေမန် အယ် ဇဝါဟီရီ၏ ထောက်ခံမှုကို ရရှိခဲ့သည်။
အယ်ဇဝါဟီရီက အက်ခန်ဇာဒါအား ဘာသာရေးသစ္စာခံမှု၏ စော်ဘွားအဖြစ် ချီး ကျူးဂုဏ်ပြုခဲ့ပြီးနောက် တာလီဘန်နှင့် အယ် ကေဒါအဖွဲ့အကြား ကာလကြာရှည်သည့် မဟာမိတ်ဖွဲ့မှုကို ပိုမိုတည်မြဲစေခဲ့သည်။
အက်ခန်ဇာဒါသည် အက်တာ သေဆုံးခဲ့ပြီးနောက် အာဏာလွန်ဆွဲမှုများအကြား တာလီဘန်လှုပ်ရှားမှုကို ပိုမိုစုစည်းစေရန် ကြိုးပမ်းခဲ့ပြီးနောက် တာလီဘန်၏ အမြင့်ဆုံး ခေါင်းဆောင်ဖြစ်လာခဲ့သည်။















