ဗဟိုဘဏ်မှ ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများဖြစ်သည့် Ron 92 ၁၉၈၄၀၃၉၉ လီတာ၊ ဒီဇယ် ၁၂၈၆၉၄၄၁ လီတာနှင့် Premium ဒီဇယ် ၁၈၆၂၇၅၇၁ လီတာ ရောင်းချ

ဗဟိုဘဏ်မှ ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများဖြစ်သည့် Ron 92 ၁၉၈၄၀၃၉၉ လီတာ၊ ဒီဇယ် ၁၂၈၆၉၄၄၁ လီတာနှင့် Premium ဒီဇယ် ၁၈၆၂၇၅၇၁ လီတာ ရောင်းချ
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ကို တွေ့ရစဉ်
Published 30 October 2021

ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ ရက်မှစတင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရောင်းချပေးလျက်ရှိပြီး Ron ၁၉၈၄၀၃၉၉ လီတာ ၊ ဒီဇယ် ၁၂၈၆၉၄၄၁ လီတာနှင့် Premium ဒီဇယ် ၁၈၆၂၇၅၇၁ လီတာရောင်းချပေးထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပြည်သူများ သက်သာသောစျေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ မှစတင်၍ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော်တို့တွင် သတ်မှတ်စျေးနှုန်းဖြင့် ရောင်းချပေးနေသည့် အရောင်းဆိုင်များနှင့် စျေးနှုန်းများကို ထုတ်ပြန်ထားသည်။

စားသုံးသူပြည်သူများအနေဖြင့် စက်သုံးဆီများကို တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သတ်မှတ်စက်သုံးဆီ အရောင်းဆိုင်များတွင် ဖော်ပြပါစျေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်းမရှိပါက ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေုးလုပ်ငန်း ကော်မတီဖုန်း ၀၉၆၆၄၀၇၅၆၈၃၊ ၀၉၆၆၄၅ -၉၆၃၂၇၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး-၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းဖုန်း ၀၉၄၂၁၀၀၆၇၉၄ တို့သို့ ဆက်သွယ်တိုင်ကြားနိုင်သည်။

ယင်းထုတ်ပြန်ထားသည့်စျေးနှုန်းများအရ တနင်္သာရီတိုင်းဒေသကြီးတွင် စက်သုံးဆီတစ်လီတာစျေးနှုန်းများ အနေဖြင့် Ron 92 ၁၁၇၇ ကျပ်၊ ရိုးရိုးဒီဇယ် ၁၁၅၇ ကျပ်၊ Premium ဒီဇယ် ၁၁၆၄ ကျပ်၊ ရှမ်းပြည်နယ်တွင် Ron 92 ၁၁၇၇ ကျပ် ၊ရိုးရိုးဒီဇယ် ၁၁၆၇ ကျပ်၊ Premium ဒီဇယ် ၁၁၇၄ ကျပ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် Ron 92 ၁၁၇၂ ကျပ်၊ ရိုးရိုးဒီဇယ် ၁၁၅၂ ကျပ်၊ Premium ဒီဇယ် ၁၁၅၉ ကျပ်၊ ရခိုင်ပြည်နယ်တွင် Ron 92 ၁၁၈၂ ကျပ်၊ ရိုးရိုးဒီဇယ် ၁၁၇၂ ကျပ်၊ Premium ဒီဇယ် ၁၁၇၉ ကျပ်၊ မွန်ပြည်နယ်တွင် Ron 92 ၁၁၇၂ ကျပ်၊ ရိုးရိုးဒီဇယ် ၁၁၆၂ ကျပ်၊ Premium ဒီဇယ် ၁၁၆၉ ကျပ်၊ မကွေးတိုင်းဒေသကြီးတွင် Ron 92 ၁၁၆၂ ကျပ်၊ ရိုးရိုးဒီဇယ် ၁၁၅၂ ကျပ်၊ Premium ဒီဇယ် ၁၁၅၉ ကျပ်၊ ပဲခူးတိုင်းဒေသကြီးတွင် Ron 92 ၁၁၄၂ ကျပ် ၊ရိုးရိုးဒီဇယ် ၁၁၃၇ ကျပ်၊ Premium ဒီဇယ် ၁၁၄၄ ကျပ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် Ron 92 ၁၁၃၇ ကျပ်၊ ရိုးရိုးဒီဇယ် ၁၁၃၂ ကျပ်၊ Premium ဒီဇယ် ၁၁၃၉ ကျပ်တို့ဖြစ်သည်။ သို့သော် ရန်ကုန်- ပုသိမ်လမ်းမကြီးဘေးရှိ OK Petroleum ဆိုင်တွင် Ron 92 ၁၁၄၂ ကျပ် ၊ရိုးရိုးဒီဇယ် ၁၁၃၇ ကျပ်၊ Premium ဒီဇယ် ၁၁၄၄ ကျပ်တို့ဖြင့် ရောင်းချပေးလျက်ရှိသည်။

ရန်ကုန်၊မန္တလေးနှင့်နေပြည်တော်တို့တွင် ရောင်းချသည့်စျေးနှုန်းများအနေဖြင့် Ron 92 တစ်လီတာလျှင် ရန်ကုန်စျေး ၁၁၂၂ ကျပ်၊ မန္တလေးစျေး ၁၁၆၇ ကျပ်၊ နေပြည်တော်၌ ၁၁၆၂ ကျပ်စျေးဖြစ်သည်။

ရိုးရိုးဒီဇယ် တစ်လီတာလျှင် ရန်ကုန်စျေး ၁၁၁၇ ကျပ်၊ မန္တလေးစျေး ၁၁၅၂ ကျပ်၊နေပြည်တော်၌ ၁၁၅၇ ကျပ် စျေးဖြစ်သည်။ Premium ဒီဇယ်တစ်လီတာလျှင် ရန်ကုန်စျေး ၁၁၂၄ ကျပ်၊ မန္တလေးစျေး ၁၁၅၉ ကျပ်၊ နေပြည်တော်၌ ၁၁၆၄ ကျပ်စျေးဖြစ်သည်။

Most Read

Most Recent