ကမ္ဘာ့ရွှေဈေးနှုန်း ၁၇၉၅ ဒေါ်လာ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၇၉၀၀၀၀ ဝန်းကျင်ရှိနေ

ကမ္ဘာ့ရွှေဈေးနှုန်း ၁၇၉၅ ဒေါ်လာ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၁၇၉၀၀၀၀ ဝန်းကျင်ရှိနေ
Published 29 October 2021

အောက်တိုဘာ ၂၉ ရက်တွင် ကမ္ဘာ့ရွှေစျေးဒေါ်လာ ၁၇၉၅ ဝန်းကျင်ရှိပြီး ပြည်တွင်း ရွှေစျေးနှုန်းမှာ  ကျပ် ၁၇၉၀၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

အောက်တိုဘာ ၂၉ ရက်တွင် ကမ္ဘာ့ရွှေစျေး ၁၇၉၅ ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်းမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်းမှာ ကျပ် ၁၇၉၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည်ရွှေစျေးနှုန်းမှာ ကျပ် ၁၆၈၅၀၀၀ ဝန်းကျင်ရှိနေခြင်းဖြစ်သည်။

အောက်တိုဘာ ၂၅ ရက်တွင် ပြည်တွင်းရွှေစျေးမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးမှာ ကျပ် ၁၇၈၆၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးမှာကျပ် ၁၆၈၁၀၀၀၊  အောက်တိုဘာ ၂၇ ရက်တွင် ၁၆ ပဲရည် အခေါက်ရွှေစျေးမှာ ကျပ် ၁၇၅၉၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးမှာ ကျပ် ၁၆၅၁၀၀၀ ၊အောက်တိုဘာ ၂၈ ရက်တွင် ပြည်တွင်းရွှေစျေးမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးမှာ ကျပ် ၁၇၆၉၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးမှာ ကျပ် ၁၆၆၅၀၀၀ ဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍ ၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန်တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ရွှေစျေးနှုန်း ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်းကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင်မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့်အမြင့်ဆုံး ကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိ ခဲ့သည်။

ရန်ကုန်ရွှေစျေးကွက်အတွင်းသို့ ရွှေဆိုင်များမှ ရွှေပိဿာချိန် ၅၀ ခန့် ရောင်းချပေးထားကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆိုသည်။

စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းက အစည်းအဝေးပြုလုပ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များမှ ရွှေစျေးကွက်အတွင်း ရွှေများကို ရောင်းချရန် သဘောတူညီမှုရရှိခဲ့သည်။

“ဒီနေ့က ရွှေဆိုင်တွေက လာရောင်းပေးတယ်။ ဇွဲထက်က ခုနစ်ပိဿာ၊ အောင်သမာဓိက ခြောက်ပိဿာ၊ အကယ်ဒမီက ငါးပိဿာ၊ ကိုစိုးနိုင်ကလည်း ငါးပိဿာ ရောင်းပေးသွားတယ်။ အပြင်ကလည်း လာရောင်းကြ၊ ဝယ်ကြတာတွေရှိတယ်။ စုစုပေါင်းဆို ပိဿာ ၄၀ နဲ့ ၅၀ လောက်ရှိတယ်” ဟု ဦးမျိုးမြင့်က ဆိုသည်။

ရန်ကုန်တိုင်းအတွင်း ရွှေစျေးကွက်မှာ ပုံမှန်အခြေအနေတွင် တစ်နေ့လျှင် ပိဿာ  ၅၀ နှင့် ၁၀၀ အကြားရှိကြောင်း၊ အရောင်းအဝယ်ပါးသည့်နေ့တွင် ပိဿာ ၂၀ နှင့် ၂၅ ပိဿာကြားတွင်ရှိကြောင်း ၎င်းကဆိုသည်။အောက်တိုဘာ ၂၁ တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်းကိန်း ၉၃ ပွိုင့်ဝန်းကျင်ရှိကာ နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာကျပ် ၂၀၃၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း နိုင်ငံခြားငွေကြေးရောင်းဝယ်သူများထံမှ သိရသည်။