အိန္ဒိယနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းတည်ဆောက်ရေးကုမ္ပဏီ အဒါနီသည် မြန်မာစျေးကွက်မှ ၂၀၂၂ ခုနှစ် ဇွန်လတွင် ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည်ဟု ယင်းကုမ္ပဏီက ပြောကြားခဲ့သည်။
Adani Ports and Special Economic Zone Ltd (APSEZ) က မိမိတို့သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တည်ဆောက်ရန်စီမံကိန်းများကို စွန့်လွှတ်လိုက်သည်ဟု ကြေညာခဲ့သည်။
အဒါနီအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံဆောင်ရွက်ခြင်းများသည် အရေးယူပိတ် ဆို့မှု စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စုက စွပ်စွဲပြောကြားထားသည်။ အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့မှုစည်းကမ်းများကို မိမိတို့ ချိုးဖောက်ခြင်းမရှိကြောင်း အဒါနီက ပြောကြားခဲ့သည်။
အောက်တိုဘာ ၂၈ ရက်တွင် အဒါနီ ရှယ်ယာစျေးများ ကျဆင်းခဲ့သည်။ ထို့ပြင် ၂၀၂၁ ခုနှစ် ဇွန်လအထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုရှိခဲ့ကြောင်း အဒါနီက ပြောကြားခဲ့သည်။
အဒါနီ၏ အဆိုပါရင်းနှီးမြှုပ်နှံမှုသည် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် ဆက်စပ်နေသဖြင့် ဝေဖန်မှုများ ခံနေရ သည်။
သြစတြေးလျနှင့် တမီလ်နာဒူးတို့တွင် ရှိသော အဒါနီဆိပ်ကမ်းစီမံကိန်းများသည် တက်ကြွ လှုပ်ရှားရေးအုပ်စုများ၊ နိုင်ငံရေးသမားများနှင့် ဒေသခံများ၏ ဝေဖန်မှုကို ခံ နေကြရသည်။ အထူးသဖြင့် အဒါနီ၏ အဆို ပါဆိပ်ကမ်းများကြောင့် ပတ်ဝန်းကျင်ဆိုင် ရာ စိုးရိမ်ပူပန်မှုများရှိနေသည်ဟု ဝေဖန်သူ များက ပြောကြားခဲ့ကြသည်။
၂၀၁၉ ခုနှစ် ဧပြီတွင် မြန်မာရင်းနှီးမြှုပ် နှံမှုကော်မရှင်က အဒါနီကို အလုံအပြည်ပြည် ဆိုင်ရာဆိပ်ကမ်းတည်ဆောက်ရန် ခွင့်ပြုပေး ခဲ့သည်။ အဆိုပါစီမံကိန်းသည် ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ သန်း ၂၉၀ ခန့်ရှိမည် ဟု အဒါနီက ပြောကြားခဲ့သည်။
အဒါနီအမှုဆောင်ချုပ် ကာရန်အဒါနီသည် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည်ဆို သော သတင်းများထွက်ပေါ်ခဲ့ပြီးနောက် အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တည် ဆောက်ရေးစီမံကိန်းသည် အငြင်းပွားစရာ စီမံကိန်းတစ်ခုဖြစ်လာခဲ့သည်။ အဆိုပါ အလုံ ဆိပ်ကမ်းကို MEC ကပိုင်သော ၂၀၆၇ ပေရှိ ဆိပ်ခံဘောတံတားနှင့်အတူ မြေ ၅၄ ဧက ပေါ်တွင် တည်ဆောက်ရန် ရည်ရွယ်ထားခဲ့ သည်။
မြန်မာနိုင်ငံရှိ ဆိပ်ကမ်းရင်းနှှီးမြှုပ်နှံမှု သည် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ပြည်သူပိုင်ပစ္စည်းများ ထိန်းချုပ်ရေးရုံးက ထုတ်ပြန်ထားသော ဒဏ်ခတ်ပိတ်ဆို့မှုလမ်း ညွှန်ချက်များကို ချိုးဖောက်ခြင်းမရှိဟု ၂၀၂၁ ခုနှစ် သြဂုတ်တွင် အဒါနီကုမ္ပဏီက ပြော ကြားခဲ့သည်။
စီမံကိန်းအတွက် မြေဝယ်ယူမှုကို ယခင် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးသောင်းထွန်း ဦးဆောင်သော မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အဒါနီက ပြောကြားခဲ့သည်။
ထိုစဉ်က ဒေါ် အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရ အဖွဲ့လက်အောက်ရှိ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့်အတူ အလုံဆိပ်ကမ်းစီမံကိန်း ကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အဒါနီက ယခင်ကထုတ်ပြန်ခဲ့သည်။
တစ်ကမ္ဘာလုံး အပြိုင်အဆိုင်ကမ်းလှမ်းမှုများကြားမှ ယခုစီမံကိန်းကို အဒါနီက လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ် သည်ဟု အိန္ဒိယကုမ္ပဏီ က ပြောကြားခဲ့သည်။















