မြန်မာအပါအဝင် နိုင်ငံ ခြောက်နိုင်ငံမှ ခရီးသွားများကို အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ စင်ကာပူက ဝင်ရောက် ခွင့်ပြုမည်

မြန်မာအပါအဝင် နိုင်ငံ ခြောက်နိုင်ငံမှ ခရီးသွားများကို အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ စင်ကာပူက ဝင်ရောက် ခွင့်ပြုမည်
Published 23 October 2021

မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာ နိုင်ငံများသို့ လွန်ခဲ့သည့် ၁၄ ရက်အတွင်း သွားရောက်ခဲ့သော ခရီးသွားရာဇဝင်ရှိသည့် ခရီးသွားများအနေဖြင့် အောက်တိုဘာ ၂၆ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၉ မိနစ်မှ စတင်ကာ စင်ကာပူသို့ ဝင်ရောက်ခွင့် (သို့မဟုတ်) ဖြတ်သန်း ခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။

လက်ရှိတွင် အဆိုပါနိုင်ငံများကို အဆင့်-၄ အဖြစ် သတ်မှတ်မည်ဖြစ်ကာ ယင်းနိုင်ငံများမှ ဝင်ရောက်လာသူများ အနေဖြင့် သတ်မှတ်ထားသည့် အဆောက်အအုံများတွင် Stay Home Notice (SHN) ကာလအဖြစ် ၁၀ ရက်ကြာ နေထိုင်ရမည်ဖြစ်ပြီး တစ်ဦးလျှင် စင်ကာပူဒေါ်လာ ၁၄၅၀ ကျသင့်မည်ဖြစ် ကြောင်း သိရသည်။

“အဲဒီနိုင်ငံတွေမှာ COVID-19 ရောဂါ အခြေအနေဟာ အချိန်အတိုင်းအတာ တစ်ခုအထိ တည်ငြိမ်နေပြီဖြစ်လို့ တင်းကျပ်တဲ့ Not to Land စည်းမျဉ်းကို ထားရှိဖို့ မလိုအပ်တော့ပါဘူး” ဟု စင်ကာပူ ကျန်းမာရေးဝန်ကြီး Ong Ye Kung က အောက်တိုဘာ ၂၃ ရက်တွင် ပြုလုပ်သည့် ဝန်ကြီးဌာနပေါင်းစုံ ပါဝင်သော COVID-19 ရောဂါတုံ့ပြန်ရေးအထူးလုပ်ငန်း အဖွဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ သည်။

ထို့အပြင် နိုင်ငံအလိုက်အုပ်စုခွဲခြား သတ်မှတ်ခြင်းနှင့်ခရီးသွားများအတွက်အ ခြားသောလုပ်ထုံးလုပ်နည်းဆိုင်ရာ အပြောင်း အလဲများကိုလည်း ၎င်းကကြေညာခဲ့ပြီး အ ဆိုပါ စည်းမျဉ်းပြောင်းလဲမှုအားလုံးသည် အောက်တိုဘာ ၂၆ ရက် ဒေသစံတော်ချိန် ည ၁၁ နာရီ ၅၉ မိနစ်တွင် စတင်အသက်ဝင်လာ မည်ဟု သိရသည်။

အဆင့်-၄ မှ အဆင့်-၃ သို့ တိုးမြှင့်လိုက်သည့် နိုင်ငံများထဲတွင် စင်ကာပူနိုင်ငံ၏ အနီး ကပ်ဆုံး အိမ်နီးချင်း နိုင်ငံများဖြစ်သည့် မလေး ရှားနှင့် အင်ဒိုနီးရှားတို့လည်း ပါဝင်ကာ ကမ္ဘောဒီးယား၊ အီဂျစ်၊ ဟန်ဂေရီ၊ အစ္စရေး၊ မွန်ဂိုလီးယား၊ ကာတာ၊ ရဝမ်ဒါ၊ ဆာမိုအာ၊ တောင်အာဖရိက၊ တွန်ဂါ၊ ယူအေအီးနှင့် ဗီ ယက်နမ်နိုင်ငံတို့လည်း ပါဝင်သည်ဟု သိရ သည်။

အဆင့်-၁ နိုင်ငံများ သို့မဟုတ် အဆင့်-၂ Vaccinated Travel Lanes နိုင်ငံများမှ ခရီး သွားများအနေဖြင့် ဆိုက်ရောက်ချိန်တွင် PCR စစ်ဆေးမှု ခံယူရမည်ဖြစ်ကာ အဆင့်-၂ Non VTL အဆင့်-၃နှင့် အဆင့်-၄ နိုင်ငံများ အနေဖြင့် ဆိုက်ရောက်ချိန်တွင် PCR စစ် ဆေးမှုခံယူရန် လိုအပ်တော့မည်မဟုတ်ဘဲ Stay Home Notice ကာလ အပြီးမှသာ စစ်ဆေးမှုခံယူရမည်ဖြစ်သည်။

ထို့ပြင် အဆင့်-၃ နိုင်ငံများ သို့မဟုတ် နယ်မြေဒေသများမှ လာရောက်သည့် ခရီး သွားအားလုံးသည်ကာကွယ်ဆေး ထိုးနှံထားသည့် အခြေအနေနှင့် ခရီးသွား ရာဇဝင်တို့နှင့် မသက်ဆိုင်ဘဲ သတ်မှတ်ထားသည့် နေရာများတွင် ၁၀ ရက်ကြာ Stay Home Notice ကာလအဖြစ် နေထိုင်ရမည် ဖြစ်သည်ဟု သိရ သည်။ ။

Ref: Business Times

Most Read

Most Recent