ကမ္ဘာ့ရွှေစျေးနှုန်း ၁၇၈၂ ဒေါ်လာ ဝန်းကျင်ရှိပြီး ပြည်တွင်း ရွှေစျေးနှုန်း ကျပ် ၁၈၃၀၀၀၀ ဝန်းကျင် ရှိနေ 

ကမ္ဘာ့ရွှေစျေးနှုန်း ၁၇၈၂ ဒေါ်လာ ဝန်းကျင်ရှိပြီး ပြည်တွင်း ရွှေစျေးနှုန်း ကျပ် ၁၈၃၀၀၀၀ ဝန်းကျင် ရှိနေ 
Published 21 October 2021

အောက်တိုဘာ ၂၁ရက်တွင် ကမ္ဘာ့ရွှေစျေးဒေါ်လာ ၁၇၈၂ ဝန်းကျင်ရှိပြီး  ပြည်တွင်းရွှေစျေးနှုန်းမှာ  ကျပ် ၁၈၃၀၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

အောက်တိုဘာ ၂၁ ရက်တွင် ကမ္ဘာ့ရွှေ စျေး ၁၇၈၂ဒေါ်လာဝန်းကျင်ရှိပြီး ပြည်တွင်း ရွှေစျေးနှုန်းမှာ ၁၆ ပဲရည် အခေါက်ရွှေစျေးနှုန်း မှာ ၂၀၁၀၀၀၀ ဝန်းကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၈၄၄၀၀၀ ဝန်းကျင်ရှိနေခြင်း ဖြစ်သည်။ အောက်တိုဘာ ၂၀ ရက်တွင် ပြည် တွင်း ရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက် ရွှေစျေးနှုန်းမှာ ၁၈၄၃၀၀၀ ဝန်း ကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၇၂၀၅၀၀ ဝန်း ကျင်ရှိနေခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန် တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက် တို ဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြ ဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက်တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် တွင် ရွှေစျေးနှုန်း ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့် တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံး နှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ် လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိ ခဲ့သည်။

ရန်ကုန်ရွှေစျေးကွက်အတွင်းသို့ ရွှေဆိုင် များမှ ရွှေပိဿာချိန် ၅၀ ခန့် ရောင်းချပေးထား ကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်း ရှင်များ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

စက်တင်ဘာ ၂၉ ရက်တွင် ရန်ကုန်ရွှေ လုပ်ငန်းရှင်များအသင်းက အစည်းအဝေးပြု လုပ်ပြီး ရန်ကုန်တိုင်းအတွင်းရှိ ရွှေဆိုင်များမှ ရွှေစျေးကွက်အတွင်း ရွှေများကို ရောင်းချရန် သဘောတူညီမှုရရှိခဲ့သည်။

“ဒီနေ့က ရွှေဆိုင်တွေက လာရောင်းပေး တယ်။ ဇွဲထက်က ခုနစ်ပိဿာ၊ အောင်သမာဓိ က ခြောက်ပိဿာ၊ အကယ်ဒမီက ငါးပိဿာ၊ ကိုစိုးနိုင်ကလည်း ငါးပိဿာ ရောင်းပေးသွား တယ်။ အပြင်ကလည်း လာရောင်းကြ၊ ဝယ် ကြတာတွေရှိတယ်။ စုစုပေါင်းဆို ပိဿာ ၄၀ နဲ့  ၅၀ လောက်ရှိတယ်”ဟု ဦးမျိုးမြင့်က ပြော ကြားသည်။

ရန်ကုန်တိုင်းအတွင်း ရွှေစျေးကွက်မှာ ပုံမှန်အခြေအနေတွင် တစ်နေ့လျှင် ပိဿာ  ၅၀ နှင့် ၁၀၀ အကြားရှိကြောင်း၊ အရောင်းအဝယ် ပါးသည့်နေ့တွင် ပိဿာ ၂၀ နှင့် ၂၅ ပိဿာ ကြားတွင်ရှိကြောင်း ၎င်းင်းက ဆိုသည်။အောက် တိုဘာ ၂၁တွင် ကမ္ဘာ့ဒေါ်လာစျေး အညွှန်း ကိန်း ၉၃ ပွိုင့်ဝန်းကျင်ရှိကာ နိုင်ငံခြားငွေလဲ နှုန်း တစ်ဒေါ်လာ ကျပ် ၂၀၃၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းလာကြောင်း နိုင်ငံ ခြားငွေ ကြေးရောင်းဝယ်သူများထံမှ သိရသည်။

Most Read

Most Recent