ဆိုရှယ်မီဒီယာနှင့် အဆက်ဖြတ်ထားသည့်အတွက် ပျော်ရွှင်နေသည်ဟု ဆလီနာဂိုးမတ်ဇ် ဖွင့်ဟ

ဆိုရှယ်မီဒီယာနှင့် အဆက်ဖြတ်ထားသည့်အတွက် ပျော်ရွှင်နေသည်ဟု ဆလီနာဂိုးမတ်ဇ် ဖွင့်ဟ
Photo: Reuters
Photo: Reuters
Published 19 October 2021

ဆလီနာဂိုးမတ်ဇ်သည် အင်စတာဂရမ်ရှိ ဖော်လိုဝါ ၂၆၈ သန်းအပါ ဆိုရှယ်မီဒီယာပေ့ချ်များတွင် ဖော်လိုဝါသန်းပေါင်းများစွာ ရှိနေသော်လည်း အ့ံသြစရာကောင်းသည်မှာ သူမ၏ ဖုန်းထဲတွင် ဆိုရှယ်မီဒီယာ အကောင့်များ ရှိမနေပေ။

မကြာသေးမီက အင်တာဗျူးတစ်ခုတွင် အသက်၂၉ နှစ်ရှိပြီဖြစ်သည့် ဆလီနာက သူမ၏အွန်လိုင်းပို့စ်များသည် သူမလိုချင်သည့်စာသားများကို လက်ထောက်ထံသို့ တစ်ဆင့်ပို့ကာ တင်ထားခြင်းဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။

အင်စတာဂရမ်၊ တွစ်တာနှင့် TikTok အပါအဝင် လူမှုမီဒီယာပလက်ဖောင်းများနှင့် ကင်းကွာနေခြင်းက သူမ ကျန်းမာနေသည်ဟု ခံစားနေရခြင်း၏ ကြီးကြီးမားမား အစိတ်အပိုင်းဟုလည်း ဆလီနာက ပြောဆိုခဲ့သည်။

“ပေါ့ပ်ယဉ်ကျေးမှုမှာ ဘာတွေဖြစ်နေတယ် ကျွန်မဖြင့် တကယ့်ကို မသိဘူး။ အဲဒါကိုက ကျွန်မကို တကယ်ပျော်ရွှင်စေတယ်” ဟုလည်း ဆိုသည်။

ဆလီနာသည် အစကသူမ၏ဆိုရှယ် မီဒီယာအကောင့်များကို ဖျက်ပစ်ချင်ခဲ့ပြီး သူမ၏အဖွဲ့က ထိုသို့မလုပ်ရန် ဖျောင်းဖျထားခဲ့ရသည်။ ပွင့်လင်းသည့်ဗီဇရှိသူ ဆလီနာသည် စိတ်ကျန်းမာရေး ပြဿနာများ ကြုံခဲ့စဉ်ကအကြောင်းကို ဖွင့်ထုတ်ပြောဆိုထားသူဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ကျောက်ကပ်လဲထားရသည်။

Most Read

Most Recent