၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၁၀၀ ကျော်ဝင်ရောက်

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း ၃၁၀၀ ကျော်ဝင်ရောက်
Published 14 October 2021

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  အောက်တိုဘာမှ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာသန်း ၃၁၀၀ ကျော် ဝင်ရောက်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပ ဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု Generation Mix သည် ရေအားမှ ရာခိုင်နှုန်း ၄၀၊ သဘာဝဓာတ်ငွေ့မှ ၃၄ ရာခိုင်နှုန်း၊ Solar မှ ၁၄ ရာခိုင်နှုန်းဖြစ်ဖြစ်ပြီး မဂ္ဂါဝပ် ၈၁၀၀ ကျော်အထိ တိုးတက်လာမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ် မတိုင်မီကာလအထိ ၃၄ ရာခိုင်နှုန်းခန့်သာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ခဲ့သော်လည်း လက်ရှိ ၂၀၂၀  ပြည့်နှစ်တွင် ၅၆ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း၊ ဆက်လက်၍ ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် ၂၀၃၀ ပြည့်နှစ်တွင် ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိရေး ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ အချက်အလက် များအရ သိရသည်။

မြန်မာနိုင်ငံ၏ စွမ်းအင်အရင်းအမြစ်များမှာ အဓိကအားဖြင့် ရေအားနှင့် နေရောင်ခြည်စွမ်းအင်ကဲ့သို့ ပြန်ပြည့်မြဲစွမ်းအင်နှင့် သဘာဝဓာတ်ငွေ့နှင့် LNG ကဲ့သို့ သန့်ရှင်းသော စွမ်းအင်များကို အခြေခံထားဆောင် ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်လိုအပ်ချက်အတွက် ၅၁ မဂ္ဂါဝပ်ရှိ အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်း၊ မဂ္ဂါဝပ် ၂၈၀ ထုတ်လုပ်မည့် အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၊ ၁၅၂ မဂ္ဂါဝပ်ထုတ်လုပ်မည့် အလယ် ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းနှင့် ၁၁၁ မဂ္ဂါဝပ်ထုတ်လုပ်မည့် သူဌေးရေအားလျှပ်စစ်စီမံကိန်း စသည့် စီမံကိန်းလေးခု ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်တွင် အရင်းအမြစ်ပေါင်းစုံမှ နေ့စဉ် ၄၈၀၀၀ မဂ္ဂါဝပ်နာရီ ထုတ်ပေးရာတွင် ယခုအခါ နေ့စဉ် ၆၅၀၀၀ မဂ္ဂါဝပ်နာရီခန့် ဓာတ်အားစနစ်သို့ တိုးတက်ထုတ်လုပ်ပေး လျက်ရှိကြောင်း၊ ထိုသို့ထုတ်လုပ်ပေးလျက်ရှိရာတွင် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံ ၂၈ ရုံမှ  စက်တပ်ဆင်အင်အား ၃၂၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent