ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါ်လာ ၁ ဒသမ ၅ သန်းနှင့် ကျပ်ငါးဘီလျံကျော်တန်ဖိုးရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခု အတည်ပြု

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါ်လာ ၁ ဒသမ ၅ သန်းနှင့် ကျပ်ငါးဘီလျံကျော်တန်ဖိုးရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသုံးခု အတည်ပြု
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရုံးကို တွေ့ရစဉ်
Published 14 October 2021

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒေါ်လာ ၁ ဒသမ ၅ သန်းနှင့် ကျပ်ငါးဘီလျံကျော် တန်ဖိုးရှိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသုံးခုကို အတည်ပြုပေးခဲ့ကြောင်း အောက်တိုဘာ ၁၂ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၉/၂၀၂၁) အစည်းအဝေးမှ သိရ သည်။

အဆိုပါအစည်းအဝေးမှ စက်မှုကဏ္ဍ တွင် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း နှစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခုတို့ကို အတည်ပြုပေးခဲ့သည်။

အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP ဖြင့် ဖိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ် ငန်း၊ ဆန်စပါးအခြေခံ တန်ဖိုးမြှင့်ဆန်နှင့် ဆန်ကွဲ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ပဲအမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၁ ဒသမ ၅ သန်းနှင့် မြန်မာကျပ်ငွေ ၅ ဒသမ ၄၂၀ ဘီလျံရှိကြောင်း သိရသည်။

ယင်းလုပ်ငန်း သုံးခုမှ ပြည်တွင်းလုပ် သားများအတွက် အလုပ်အကိုင်အခွင့်အ လမ်းပေါင်း ၃၇၂ ဦးကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် က မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စုစုပေါင်းလုပ်ငန်းအသစ် ၁၃၀ ခုကို ရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာ ၂၆၆ ဒငမ ၈၇၃ သန်းအပါအဝင် ကျပ် ၁၅၃၅ ဒသမ ၀၇၅ ဘီလျံဖြင့် ဆောင်ရွက်ရန်ခွင့်ပြုခဲ့ပြီး ဆောင် ရွက်ဆဲဖြစ်သော လုပ်ငန်းအရေအတွက် ပေါင်း ၃၀ ခုအတွက် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၄၆ ဒသမ ၇၄၅ သန်းအပါအဝင် ကျပ် ၃၄၆ ဒသမ ၃၈၄ ဘီလျံထပ်မံတိုးမြှင့် ဆောင်ရွက်ရန် ခွင့်ပြုခဲ့ဖြင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအပါအဝင် စုစုပေါင်းရင်းနှီးမြှုပ် နှံမှုပမာဏ ဒေါ်လာ ၄၁၃ ဒသမ ၆၁၈ သန်း အပါအဝင် ကျပ် ၁၈၈၁ ဒသမ ၄၅၉ ဘီလျံ ကို လုပ်ငန်းဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့  ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းပြည်ပ မှ ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုပေးရာတွင် စိုက် ပျိုးရေးကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍ၊ သတ္တုတွင်းထွက်တူးဖော်ရေးကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ ဆောက်လုပ် ရေးကဏ္ဍ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍ၊ အိမ်ခြံမြေကဏ္ဍ၊ စက်မှုဇုန်ဖော်ဆောင်ရေး ကဏ္ဍ၊ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍ စသည့်  လုပ်ငန်းကဏ္ဍ ၁၂ ခုတွင် အဓိကခွင့်ပြုပေး လျက်ရှိသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခု နှစ်၊ စက်တင်ဘာလကုန်အထိ မြန်မာနိုင်ငံ အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၉၂ ဒသမ ၅ ဘီလျံကျော်တန်ဖိုးရှိ လုပ်ငန်းပေါင်း ၂၂၅၀ ကျော်အထိ အတည် ပြုခွင့်ပြုပေးထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

ထို့အတူ မြန်မာနိုင်သားရင်းနှီးမြှုပ်နှံမှု ကျပ် ၂၂၃၀၆ ဘီလျံကျော် တန်ဖိုးရှိ လုပ်ငန်း ပေါင်း ၁၈၂၀ ကျော်အထိရှိကြောင်း ရင်းနှီး မြှုပ် နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

Most Read

Most Recent