တရုတ် ယွမ်နှင့် ဂျပန် ယန်း နိုင်ငံခြားငွေများကို ဝယ်ယူရောင်းချခွင့်ပြုကြောင်း ဗဟိုဘဏ်ထုတ်ပြန်

တရုတ် ယွမ်နှင့် ဂျပန် ယန်း နိုင်ငံခြားငွေများကို ဝယ်ယူရောင်းချခွင့်ပြုကြောင်း ဗဟိုဘဏ်ထုတ်ပြန်
Published 13 October 2021

တရုတ် ယွမ်နှင့် ဂျပန် ယန်း နိုင်ငံခြားငွေများကို ဝယ်ယူရောင်းချခွင့် ပြုကြောင်း အောက်တိုဘာ ၁၂ တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၁၂ တွင် ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အမှတ် (၁၆/၂၀၂၁) အရ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရ ဘဏ်များနှင့် ဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းများအား ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၆/၂၀၁၁)၊ (၇/၂၀၁၁)၊ (၁၆/၂၀၁၂) နှင့် (၁၇/၂၀၁၅) တို့အရ ဝယ်ယူရောင်းချခွင့် ပြုထားသော နိုင်ငံခြားငွေ (၅) မျိုးအပြင် တရုတ် ယွမ်နှင့် ဂျပန် ယန်း နိုင်ငံခြားငွေများကိုပါ ဝယ်ယူရောင်းချခွင့်ပြုကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအတွင်း အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ မလေးရှားရင်းဂစ်၊ ထိုင်းဘတ် နိုင်ငံခြားငွေများကို ရောင်းဝယ်ဖောက်ကားခွင့်ကို ခွင့်ပြုပေးထားခြင်းဖြစ်ပြီး တရုတ်ယွမ်ငွေနှင့် ဂျပန် ယန်း နိုင်ငံခြားငွေများကို ထပ်မံခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer License) ရ ဘဏ်များအားလုံး၊ နိုင်ငံခြားသုံးငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) ရ ဘဏ်များအားလုံး၊ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) ရ ဘဏ်မဟုတ်သော ကုမ္ပဏီအဖွဲ့အစည်းများ အားလုံးသို့ ဖြန့်ဝေထားပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent