Dior က ၎င်း၏ Ambassador ဆူဇီအား မွေးနေ့လက်ဆောင်ပေးပို့

Dior က ၎င်း၏ Ambassador ဆူဇီအား မွေးနေ့လက်ဆောင်ပေးပို့
Photo: Allkpop
Photo: Allkpop
Published 12 October 2021

ကမ္ဘာကျော် ပြင်သစ်ဖက်ရှင်ကုမ္ပဏီ Christian Dior မှ မွေးနေ့လက်ဆောင်များ ရထားသည်ကို ကိုရီးယားအဆိုတော်ဆူဇီက အင်စတာဂရမ်တွင် မျှဝေခဲ့သည်။

ဆူဇီသည် အောက်တိုဘာ ၁၀ ရက်တွင် အသက်၂၇ နှစ်ပြည့်မြောက်သွားပြီဖြစ်ပြီး ထိုနေ့တွင် ပရိသတ်များဆီမှ လက်ဆောင်များရသည့်အပြင် သူမလက်တွဲအလုပ်လုပ်နေသည့် Brand များထံမှလည်း ခမ်းနားသည့် လက်ဆောင်များ ရလိုက်သည်။ လက်ဆောင်ပေးပို့ကြသည့်အထဲ Dior လည်း တစ်ခုအပါအဝင် ဖြစ်သည်။ 

ဇန်နဝါရီလက ကျရောက်ခဲ့သည့် BLACKPINK အဖွဲ့ဝင် ဂျီဆို၏မွေးနေ့တွင်လည်း Dior က မွေးနေ့လက်ဆောင်များ ပေးပို့ခဲ့သည်။ ဆူဇီက Dior ၏ ကိုရီးယား Ambassador ဖြစ်ပြီး ဂျီဆိုက Dior ၏ Global Ambassador ဖြစ်သည်။

ဂျီဆိုသည် ပဲရစ်တွင်ကျင်းပသည့် Dior’s 2022 S/S collection ပွဲသို့ တက်ရောက်ခဲ့ပြီး ရှိုးပွဲ၏ရှေ့တန်းတွင် Dior စီအီးအိုနှင့် ကပ်လျက်ထိုင်ခဲ့သည်။ ခရီးစဉ်အတွင်း သူမက Dior ဖက်ရှင်ဒီဇိုင်နာများ၏ လုပ်ငန်းခွင်ကိုပါ သွားရောက်လေ့လာခွင့်ရခဲ့သည်။ ပရိသတ်များကမူ ဂျီဆိုကို Dior က မင်းသမီးလေးတစ်ပါးကဲ့သို့ အလေးပေးဆက်ဆံသည်ဟုဆိုကာ ပီတိဖြစ်ခဲ့ကြသည်။ 

Most Read

Most Recent