ကမ္ဘာ့ရွှေစျေး ၁၇၆၅ ဒေါ်လာ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်း ပြန်လည်ကျဆင်းကာ ကျပ် ၁၉၂၅၀၀၀ သို့ ရောက်ရှိ

ကမ္ဘာ့ရွှေစျေး ၁၇၆၅ ဒေါ်လာ ဝန်းကျင်ရှိပြီး ပြည်တွင်းရွှေစျေးနှုန်း ပြန်လည်ကျဆင်းကာ ကျပ် ၁၉၂၅၀၀၀ သို့ ရောက်ရှိ
Published 7 October 2021

အောက်တိုဘာ ၇ ရက်တွင် ကမ္ဘာ့ရွှေစျေး ဒေါ်လာ ၁၇၆၅ ဝန်းကျင်ရှိပြီး  ပြည်တွင်း ရွှေစျေးနှုန်းမှာ ကျပ် ၁၉၂၅၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။ အောက်တိုဘာ ၇ ရက်တွင် ပြည်တွင်း ရွှေစျေးနှုန်းများမှာ ၁၆ ပဲရည် အခေါက်ရွှေ စျေးနှုန်းမှာ ၁၉၂၅၀၀၀ ဝန်း ကျင်ရှိနေပြီး ၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၇၇၄၀၀၀ ဝန်းကျင်ရှိ နေခြင်းဖြစ်သည်။

အောက်တိုဘာ ရရက်တွင်  ကမ္ဘာ့ရွှေ စျေးနှုန်းမှာ၁၇၆၅ ဒေါ်လာသို့ ပြန်လည်  ရောက်ရှိ ခဲ့ပြီးပြီးခဲ့သည့် သီတင်းပတ်က ကျပ် ၂၂၀၀၀၀၀ အထက်သို့ ရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေး မှာ ၁၉၂၅၀၀၀ ဝန်းကျင် ရှိလာကြောင်း ရွှေရောင်းဝယ်သူများထံမှ သိ ရသည်။  စက်တင်ဘာ ၃၀ ရက်တွင် ကမ္ဘာ့ရွှေ စျေး ဒေါ်လာ ၁၇၃၃ ဝန်းကျင်ရှိပြီး   ပြည်တွင်း ရွှေစျေးနှုန်းမှာ ကျပ် ၂၀၂၀၀၀၀ ဝန်းကျင်သို့ ရောက်ရှိလာကြောင်း ရွှေရောင်းဝယ်သူများ ထံမှသိရသည်။ ဇွဲထက်ရွှေဆိုင်မှ ရွှေစျေးသိန်း ၂၀ အထက်သို့ ရောက်ရှိလာပြီးနောက် ပြန် ဝယ်ဦးစားပေးစနစ်ဖြင့် ပြန်လည်ဝယ်ယူပေး နေကြောင်း ယင်းဆိုင်၏ ဖေ့ဘုတ်စ်စာမျက် နှာတွင် အသိပေးကြေညာထားသည်။

၂၀၁၆ ခုနှစ်မှစ၍၂၀၂၁ ခုနှစ်အထိ ပြည်တွင်းရွှေစျေးနှုန်း စံချိန်တင်စျေးနှုန်းများ အကြိမ်ကြိမ်ဖြစ်ပေါ်ခဲ့ကာ နှစ်အလိုက် စံချိန် တင်စျေးနှုန်းများမှာ ၂၀၁၆ ခုနှစ် အောက်တို ဘာ ၄ ရက်တွင် ကျပ် ၉၀၃၅၀၀၊ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၈၀၀၊ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၀၄၇၇၀၀၊ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျပ် ၁၀၈၈၅၀၀၊ ၂၀၁၉ ခုနှစ် ဇူလိုင် ၁၈ ရက်တွင် ကျပ် ၁၁၄၃၅၀၀၊ ၂၀၁၉ ခုနှစ် သြဂုတ် ၁၃ ရက်တွင် ကျပ် ၁၂၃၇၀၀၀၊ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် ကျပ် ၁၃၁၅၀၀၀၊ ၂၀၂၀ ပြည့်နှစ် သြဂုတ် ၇ ရက် တွင် ကျပ် ၁၃၃၅၅၀၀၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါ ရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ ဖြစ်သည်။

ရွှေစျေးနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ကျပ် ၈၀၀၀၀၀ တန်း၊ ၂၀၁၇ ခုနှစ်တွင် ကျပ် ၉၀၀၀၀၀ တန်း၊ ၂၀၁၈ ခုနှစ်တွင် ကျပ် ၁၀၀၀၀၀၀ တန်း၊ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၁၀၀၀၀၀ တန်းနှင့် ကျပ် ၁၂၀၀၀၀၀ တန်း ကို ကျော်လွန်လာခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင် ဘာတွင် ကျပ် ၁၃၁၀၀၀၀ ကျော်အထိ မြင့် တက်ခဲ့ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် ကျပ် ၁၄၂၀၀၀၀ အထိ စံချိန်တင် မြင့်တက်ခဲ့သည်။

လအလိုက်ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံး နှင့် အမြင့်ဆုံးကမ္ဘာ့ရွှေစျေးနှုန်းများမှာ ၂၀၂၀ ပြည့်နှစ်ဧပြီတွင် ၁၅၆၈-၁၇၂၉ ဒေါ်လာ၊ မေတွင် ၁၆၈၃-၁၇၄၈ ဒေါ်လာ၊ ဇွန်တွင် ၁၆၈၀-၁၇၇၉ ဒေါ်လာ၊ ဇူလိုင်တွင် ၁၇၆၉-၁၉၇၅ ဒေါ်လာ၊ သြဂုတ်တွင် ၁၈၅၉-၂၀၇၅ ဒေါ်လာ၊ စက်တင်ဘာတွင် ၁၈၄၈-၁၉၇၅ ဒေါ်လာ၊ အောက်တိုဘာတွင် ၁၈၅၈- ၁၉၃၃ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၇၆၄- ၁၉၆၆ ဒေါ် လာ၊ ဒီဇင်ဘာတွင် ၁၇၇၆-၁၉၀၆ ဝန်းကျင်ရှိ ခဲ့ခြင်းဖြစ်သည်။ ပြည်တွင်း စျေးကွက်အတွင်း နိုင်ငံခြားငွေစျေးနှုန်း တစ်ဒေါ်လာကျပ် ၂၀၆၀ ဝန်းကျင်ရှိနေကြောင်း နိုင်ငံခြား ငွေ ကြေးရောင်းဝယ်သူများထံမှ သိရသည်။

၂၀၂၁ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်က နိုင်ငံခြားငွေ စျေးပြိုင် လေလံဖြင့် ဒေါ်လာ ၁၅ သန်းအား ရောင်းချခဲ့ပြီး စက်တင်ဘာလအတွင်း လက် ရှိချိန်ထိ ငါးကြိမ်ခွဲ၍ ဒေါ်လာ ၆၃ သန်း ရောင်းချထားပြီးဖြစ်ကာ ပျမ်းမျှ ငွေလဲလှယ် နှုန်းမှာ ၁၇၅၅ ကျပ်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent