ဘွန်ဒစ်လီဂါပွဲစဉ် (၇)  ပွဲကြိုသုံးသပ်ချက် 

ဘွန်ဒစ်လီဂါပွဲစဉ် (၇)  ပွဲကြိုသုံးသပ်ချက် 
Photo: Getty Images
Photo: Getty Images
Published 2 October 2021

ဒေါ့မွန် - အော့စ်ဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ည ၈:၀၀ နာရီ)

ဒေါ့မွန်အသင်းက ဟော်လန်း မကစားနိုင်တဲ့ မိုချန်ဂလာဘတ်နဲ့ ဘွန်ဒစ်လီဂါပွဲ၊ စပို့တင်းလစ္စဘွန်းနဲ့ ချန်ပီယံလိဂ်ပွဲတွေမှာ တစ်ဂိုးပဲရခဲ့တယ်။ ဟော်လန်းမှာ အသေးစားဒဏ်ရာပြဿနာပဲရှိနေလို့ အခုပွဲမှာတော့ ပြန်ကစားနိုင်လောက်တယ်။ အော့စ်ဘတ်ကလည်း မှန်းဆရခက်သလိုဖြစ်နေတယ်။ ဒေါ့မွန် ဂိုးပြတ်ဖို့များတယ်။

ဝုလ်ဖ်ဘတ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ည ၈:၀၀ နာရီ)

ဝုလ်ဖ်ဘတ်အသင်းက (၂)ပွဲဆက် နိုင်ပွဲပျောက်ပြီး ရလဒ်ပိုင်း ကျဆင်းလာတယ်။ ချန်ပီယံလိဂ်စတင်ယှဉ်ပြိုင်လာရချိန်မှာ တိုက်ဆိုင်မှုတော့မဟုတ်ဘဲ အဓိကပြိုင်ပွဲ(၂)ခုကြား ချိန်ညှိနိုင်တဲ့ သမ္ဘာပိုင်းအားနည်းချက်က အဓိကအချက်လို့ပဲ ပြောရမယ်ထင်တယ်။ ကြားရက်မှာ ဆီဗီလာလိုအသင်းမျိုးနဲ့ ချန်ပီယံလိဂ်ပွဲကျပ် ကစားထားရလို့ ဝုလ်ဖ်ဘတ်အသင်း ပွဲပန်းနေနိုင်တာကိုလည်း ထည့်တွက်ရလိမ့်မယ်။ မိုချန်ဂလာဘတ် အသင်းက ဥရောပပွဲတွေ ကစားဖို့မရှိတာ တစ်ပန်းသာနေပေမဲ့ ဒီရာသီ အဝေးကွင်း(၃)ပွဲစလုံး အရေးနိမ့်ထားတယ်။ ဒီတစ်ပွဲတော့ မိုချန် အမှတ်မျှော်လင့်လို့ရမယ်ထင်တယ်။

စတုဂတ် - ဟော်ဖန်ဟင်မ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ည ၈:၀၀ နာရီ)

ဝုလ်ဖ်ဘတ်ကို အနိုင်ယူထားတဲ့ ဟော်ဖန်ဟင်မ်အသင်း အရှိန်ဆက်ရမလား စောင့်ကြည့်ရမယ်။ စတုဂတ်ရဲ့ လက်ရှိခြေစွမ်းကြောင့် ဟော်ဖန်ဟင်မ် အမှတ်ထပ်ရဦးမှာပါ။

ဟာသာဘာလင် - ဖရိုင်းဘတ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ည ၈:၀၀ နာရီ)

ဖရိုင်းဘတ်အသင်းရဲ့ Form က အကောင်းဆုံးပုံစံရောက် နေတယ်။ ဟာသာဘာလင်ကွင်းဖြစ်လို့ အိမ်ရှင် အမှတ်တော့ ရမယ်ထင်တယ်။

လိုက်ပ်ဇစ် - ဘိုဟုမ် (မြန်မာစံတော်ချိန် အောက်တိုဘာလ ၂ ရက် ည ၁၁:၀၀ နာရီ)

လိုက်ပ်ဇစ်အသင်းရဲ့ ချန်ပီယံလိဂ်အိပ်မက်က အဆုံးသတ်သလောက်ဖြစ်သွားလို့ ဘွန်ဒစ်လီဂါဘက်ကို ပိုပြီးအာရုံစိုက်လာနိုင်တာ ထည့်သွင်းစဉ်းစားရမယ်။ ဘိုဟုမ်ကိုတော့ လိုက်ပ်ဇစ် ဂိုးပြတ်သွင်းလိမ့်မယ်။

Most Read

Most Recent