ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့်အနီးပတ် ဝန်းကျင်ရှိ ခရိုင်ဒေသအသီးသီးတွင် အလုပ်လုပ်ကိုင်သော အထောက်အထားမဲ့အလုပ် သမားများအား စစ်ဆေးတွေ့ရှိပါက တစ်လအတွင်း အထောက်အထားပြုလုပ်ပေးမည်ဟု သိရသည်။
ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနဝန် ကြီး Mr. Chon kalin က “ဘန်ကောက်ပတ် ဝန်းကျင်မှာ ကျန်မာရေးဌာနနဲ့ တာဝန်ရှိသူ တေ ွစစ်ဆေးလို့ အထောက်အထားမဲ့အလုပ် သမားတွေရှိရင် အထောက်အထားပြုလုပ်ပေး မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်” ဟု မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။
ဆောက်လုပ်ရေးလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံများအပါဝင် COVID-19 ထိန်းချုပ်ကာ ကွယ်နိုင်ရန် ဘန်ကောက်မြို့၊ ဘန်ကောက်မြို့ အနီးဝန်းကျင်နှင့် ခရိုင်အသီးသီးရှိ လုပ်ငန်း ခွင်နေရာများကို COVID-19 ရောဂါစစ် ဆေးရေးလုပ်ငန်းစဉ်ဖြင့် ကျန်းမာရေးဝန်ထမ်း များက ရှောင်တခင်စစ်ဆေးဆောင်ရွက်သွား မည်ဖြစ်သည်။
ယင်းကဲ့သို့ စစ်ဆေးစဉ် လုပ်ငန်းခွင်အ တွင်း တရားမဝင်အလုပ်သမားစစ်ဆေးတွေ့ ရှိလျှင် တရားဝင်အလုပ်သမားအဖြစ် ရက် ၃၀ အတွင်း ပြုလုပ်ဆောင်ရွက်ပေးရန်၊ အလုပ် ရှင်စာရွက်စာတမ်းအပြည့်အစုံဖြင့် တရားမဝင် အလုပ်သမားအတွက် စာရွက်စာတမ်းပြုစု ဆောင်ရွက်ပေးရန် ကိုယ်ရေးအချက်အလက် ပြုစုထားရန်တို့ကို ညွှန်ကြားထားကြောင်း သိရသည်။
ဘန်ကောက်မြို့တွင်းရှိ အလုပ်ရုံများ တွင် တရားမဝင်အလုပ်သမားတွေ့ရှိလျှင် COVID-19 ထိန်းချုပ်ကာကွယ်နိုင်ရန်နှင့် အလုပ်သမားဥပဒေ အပြည့်အဝရရှိရန် တရား ဝင်အထောက်အထား စနစ်တကျဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မဲဆောက်၊ ရနောင်း၊ မယ်ဆိုင်၊ ကန်ချန ပူရီစသော အထောက်အထားမဲ့အလုပ်သမား များပြားသည့်နေရာတွင် အဓိကမစဉ်းစားဘဲ ဘန်ကောက်နှင့် အနီးပတ်ဝန်းကျင်အလုပ်သ မားများကိုသာ အထောက်အထားလုပ်ပေး ခြင်းမှာ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်လာနိုင် ကြောင်း ဦးမိုးကြိုးက သုံးသပ်ပြောကြားသည်။
“တကယ် စာရွက်စာတမ်းအထောက်အထားမရှိတဲ့ နယ်စပ်ဒေသတွေမှာ လုပ်မပေးဘဲ ဘန်ကောက်ပတ်ဝန်းကျင်သာ အထောက်အထားလုပ်တော့ ဘန်ကောက်မှာ အထောက် အထားလုပ်ပေးနေပြီဟဲ့ဆိုပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာမယ့်သူတွေ များပြားလာမှာဖြစ်တဲ့အတွက် ကောင်းကျိုး ထက်ဆိုးကျိုးကို ဖြစ်စေနိုင်မှာ ဖြစ်ပါတယ်။ တကယ်ဆိုရင် အထောက်အထားမရှိသူတွေ များပြားတဲ့ နယ်စပ်ဒေသမှာ အထောက်အထား ပြုလုပ်ပေးသင့်တာဖြစ်ပါတယ်” ဟု ဦးမိုး ကြိုးက ပြောကြားသည်။















