မူဆယ်မြို့နယ် နမ့်ဟွယ်ကျေးရွာအနီး Mytel ဖုန်းတာဝါတိုင်နား၌ ဖုန်းတာဝါတိုင် ပြင်ရန်လာသူ ဝန်ထမ်းတစ်ဦး မိုင်းနင်းမိပြီး ခြေဖဝါးပြတ် ဒဏ်ရာရရှိ

မူဆယ်မြို့နယ် နမ့်ဟွယ်ကျေးရွာအနီး Mytel ဖုန်းတာဝါတိုင်နား၌ ဖုန်းတာဝါတိုင် ပြင်ရန်လာသူ ဝန်ထမ်းတစ်ဦး မိုင်းနင်းမိပြီး ခြေဖဝါးပြတ် ဒဏ်ရာရရှိ
ဓါတ်ပုံ - ၁၀၅ မိုင် ပါရမီလူမှုကူညီရေးအသင်း
ဓါတ်ပုံ - ၁၀၅ မိုင် ပါရမီလူမှုကူညီရေးအသင်း
Published 25 September 2021
ပြည့်စုံ(မူဆယ်)

မူဆယ်မြို့နယ် မိုင်းယု(၁၀၅) မိုင်ကျေးရွာအုပ်စု နမ့်ဟွယ်ကျေးရွာအနီး Mytel ဖုန်းတာဝါတိုင်နား၌ စက်တင်ဘာလ ၂၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က ဖုန်းတာဝါတိုင်ပြင်ရန် လာသောသူများထဲမှ လုပ်သားတစ်ဦး ထောင်မိုင်းတစ်လုံး နင်းမိမှုကြောင့် ခြေဖဝါးပြတ်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။

“ဖုန်းကုမ္ပဏီက ဝန်ထမ်းတွေ၊ Light Truck နဲ့လာတာ၊လေးငါးခြောက်ယောက်ပေါ့၊ဖုန်းတာဝါတိုင်ပြင်တဲ့ ဝန်ထမ်းတွေထဲက တစ်ယောက် မိုင်းထိတာ ၊ညာဘက်ခြေမျက်စိ မရောက်တရောက် လောက်အထိ ပြတ် သွားတယ်။သူက ကိုအောင်သူ အသက်က ၂၉ နှစ်လောက်ရှိတယ် မန္တလေး သံပဝတီက ၊အခု ကွက်ခိုင် စစ်ဆေးရုံကို ပို့ခဲ့တယ်၊ကွက်ခိုင် စစ်ဆေးရုံကနေတဆင့် ကွက်ခိုတ် က လူမှုကူညီရေးအသင်းကားနဲ့ လားရှိုးစစ်ဆေးရုံကိုပို့ထားတယ်” ဟု ပါရမီလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးကျော်သန်းမှ ပြောကြားသည်။

မူဆယ်မြို့နယ်အတွင်းရှိ ဖုန်းတာဝါတိုင်များအနီး မသွားရန် သက်ဆိုင်ရာမှ ‌ဘုန်တော်ကြီးကျောင်းများ ကျေးရွာများသို့မှာကြားထားမှုများရှိကြောင်း သိရသည်။

မြန်မာနိုင်ငံအနှံမှာ Mytel တာဝါတိုင်တွေက မိုင်းခွဲခံထိထားများတာဆိုတော့ လာပြီးကြည့်တာဖြစ်မယ်၊ထိတဲ့ လူလေးက Mytel ဖုန်းကုမ္ပဏီကလို့သိရတယ်၊ ခြေဖဝါးမှာအသားတွေ မရှိတော့ဘူးအရွတ်တွေဘဲ ရှိတော့တယ်သတိတော့မမေ့ဘူး၊တာဝါတိုင်တွေနား မသွားဖို့၊ ဖုန်းတာဝါတိုင်နားမှာ မိုင်းတွေထောင်ထားတယ်လို့ ဘုန်းကြီးကျောင်းတို့၊ကျေးရွာတွေကိုပြောထားတယ်”ဟု နမ့်ဟွယ်ကျေးရွာဒေသခံတစ်ဦးက Eleven Media သို့ ပြောကြားသည်။

Most Read

Most Recent