မန်ယူနည်းပြရာထူးကို ကွန်တီ ချိန်ရွယ်နေသည်ဟု သတင်းထွက်

မန်ယူနည်းပြရာထူးကို ကွန်တီ ချိန်ရွယ်နေသည်ဟု သတင်းထွက်
Photo: Getty Images
Photo: Getty Images
Published 17 September 2021

အင်တာမီလန်နည်းပြဟောင်း ကွန်တီသည် မန်ယူနည်းပြရာထူးကို ချိန်ရွယ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

ကွန်တီသည် ချယ်လ်ဆီးအသင်းနှင့် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူနိုင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် အင်တာမီလန်အသင်းနှင့် လမ်းခွဲပြီးနောက် အသင်းလက်မဲ့ဖြစ်နေသူ ဖြစ်သည်။

ပြီးခဲ့သည့် နွေရာသီကာလအတွင်း စပါးအသင်းက ၎င်းကိုခေါ်ယူရန် ကမ်းလှမ်းခဲ့ဖူးသော်လည်း ဆုဖလားအောင်ပွဲများအတွက် ရည်မှန်းချက်မရှိခြင်းကြောင့် ငြင်းဆန်ခဲ့ကြောင်းလည်း သိရသည်။

ထို့နောက် အာဆင်နယ်အသင်းက အာတီတာနေရာ အစားထိုးခန့်အပ်ရန် စိတ်ဝင်စားနေကြောင်း သတင်းထွက်ခဲ့သော်လည်း အီတလီဂျာနယ်လစ် ဒီမာဇီယိုက စပါးအသင်းကိုပင် လက်ခံခဲ့ခြင်း မရှိသည့်အတွက် အာဆင်နယ်ကို လက်ခံရန် မဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့သည်။

ထို့ပြင် ကွန်တီအနေဖြင့် ပရီးမီးယားလိဂ်သို့ ပြန်လည်ခြေချရန် ပြင်ဆင်နေပြီး ၎င်းချိန်ရွယ်နေသည်မှာ မန်ယူအသင်းဖြစ်သည်ဟုလည်း ဆိုခဲ့သည်။

မန်ယူအသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်၌ တာထွက်ကောင်းနေသော်လည်း အသင်းတာဝန်ရှိသူများက အောင်မြင်မှုအတွက် ပိုမိုအာမခံချက်ရှိနိုင်သည့် နည်းပြ ပြောင်းလဲခန့်အပ်ရန် စီစဉ်နေကြောင်းလည်း သတင်းများ ထွက်လာသည်။

၎င်းတို့က ကွန်တီ သို့မဟုတ် ဇီဒန်းကို ပစ်မှတ်ထားနေသည်ဟုလည်း သတင်းများထွက်နေသည်။

Most Read

Most Recent