နယူးကာဆယ်အသင်းအား ဝယ်ယူရန် အိန္ဒိယဘီလျံနာသူဌေး မူကတ်ရှ်အမ်ဘာနီ ကြိုးပမ်းဖွယ်ရှိ

နယူးကာဆယ်အသင်းအား ဝယ်ယူရန် အိန္ဒိယဘီလျံနာသူဌေး မူကတ်ရှ်အမ်ဘာနီ ကြိုးပမ်းဖွယ်ရှိ
Photo: Times
Photo: Times
Published 16 September 2021

အိန္ဒိယဘီလျံနာသူဌေး မူကတ်ရှ်အမ်ဘာနီသည် နယူးကာဆယ်အသင်းအား ဝယ်ယူရန်ကြိုးပမ်းဖွယ်ရှိကြောင်း  The Shield Gazzette သတင်းစာက ဖော်ပြခဲ့သည်။

မူကတ်ရှ်အမ်ဘာနီ(၆၄ နှစ်)သည် ရေနံနှင့် ဓာတ်ငွေ့ကုမ္ပဏီဖြစ်သည့် Reliance Industries ကို တည်ထောင်ခဲ့သူတစ်ဦးဖြစ်ပြီး အာရှတွင် အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ကြောင်း Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

၎င်း၏ မွေးချင်းညီဖြစ်သူ အနေးလ်အမ်ဘာနီသည် ၂၀၀၈ ခုနှစ်ကတစ်ကြိမ်၊ ၂၀၁၁ ခုနှစ်ကတစ်ကြိမ် နယူးကာဆယ်အသင်းအား ဝယ်ယူရန် ချဉ်းကပ်ကြိုးပမ်းခဲ့ဖူးကြောင်း သိရသည်။

မူကတ်ရှ်အမ်ဘာနီသည် လီဗာပူးလ်အသင်းကို လက်ရှိပိုင်ရှင် အမေရိကန်သူဌေးများလက်မှ ဝယ်ယူရန် စိတ်ဝင်စားကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

နယူးကာဆယ်အသင်းပိုင်ရှင်ဖြစ်သူ မိုက်အက်ရှ်လေသည် အသင်းအားရောင်းချရန် စီစဉ်လျက်ရှိနေပြီး ပြီးခဲ့သည့်နှစ်များကတည်းက အကျိုးတူစီးပွားရေးအဖွဲ့များနှင့် ဆွေးနွေးခဲ့သော်လည်း သဘောတူညီမှုမရသဖြင့် ယနေ့တိုင် အသင်းမှာ အရောင်း အဝယ်မဖြစ်သေးဘဲ ၎င်း၏လက်ထဲတွင်သာ ရှိနေခြင်းဖြစ်သည်။ 

Most Read

Most Recent