ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ် နှစ်လအတွင်း မြန်မာနိုင်ငံ အနေဖြင့် ဒေါ်လာ ငါးသန်းကျော် တန်ဖိုးရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတစ်ခုသာ ခွင့်ပြုပေးနိုင်ခဲ့

ပြီးခဲ့သည့် ဇူလိုင်နှင့် သြဂုတ် နှစ်လအတွင်း မြန်မာနိုင်ငံ အနေဖြင့် ဒေါ်လာ ငါးသန်းကျော် တန်ဖိုးရှိသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတစ်ခုသာ ခွင့်ပြုပေးနိုင်ခဲ့
Published 15 September 2021

ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လ နှစ်လအတွင်း မြန်မာနိုင်ငံအနေဖြင့် ဒေါ်လာ ငါးသန်းကျော် တန်ဖိုးရှိသည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုတစ်ခုသာ ခွင့်ပြုပေးနိုင်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦး စီးဌာန (DICA) မှ ထုတ်ပြန်ထားသည့် စာ ရင်း များအရ သိရသည်။

၂၀၂၁ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လ နှစ်လအတွင်း မြန်မာနိုင်ငံအနေဖြင့် ကုန် ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၃ သန်းတန်ဖိုးရှိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုသာ ခွင့်ပြုပေး နိုင်ခဲ့သည်။ 

မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မှုဒေါ်လာ သုည ဒသမ ၄ သန်းကျော်ရှိခဲ့သည်။ အဆိုပါ နှစ်လအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် စုစု ပေါင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၅ ဒသမ ၇၇၈ သန်းရှိခဲ့သည်။

လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် မြန်မာ နိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာ ဏ ဒေါ်လာ ၃ ဒသမ ၇ ဘီလျံကျော်ခွင့်ပြုပေး ခဲ့ပြီး စွမ်းအင်ကဏ္ဍ၌ ရာခိုင်နှုန်း ၈၀ ကျော် အထိ အများဆုံးခွင့်ပြုပေးခဲ့ကြောင်း  ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA မှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ ခုနှစ် သြဂုတ်လကုန်အထိ ၁၁ လအတွင်း မြန်မာနိုင်ငံအနေဖြင့် ဒေါ်လာ ၃ ဒသမ ၇၆၇ ဘီလျံကျော်တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပေါင်း ၄၅ ခုအထိ ခွင့်ပြုပေးထားသည်။

အဆိုပါခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများ အနက် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုလုပ် ငန်းခြောက်ခုခွင့်ပြုပေးခဲ့ပြီး ရင်းနှှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၃ ဒသမ ၁၂၁ ဘီလျံရှိသည်။ ရာခိုင်နှုန်းအားဖြင့် ၈၂ ရာခိုင်နှုန်းကျော်အထိ အများဆုံးခွင့်ပြုပေးထားခြင်းဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍတွင် ဒေါ်လာ ၁၀ သန်းနီးပါးတန်ဖိုးရှိ လုပ်ငန်းနှစ်ခု၊ မွေးမြူ ရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ဒေါ်လာ ၁၉ သန်းကျော်တန်ဖိုးရှိ လုပ်ငန်းခြောက်ခု၊ ကုန် ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ ၂၆၂ သန်း ကျော်တန်ဖိုးရှိ လုပ်ငန်း ၂၄ ခု၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၈၁ သန်းကျော်တန်ဖိုးရှိ လုပ်ငန်းတစ်ခု၊ စက်မှု ဇုန်ဖော်ဆောင်ရေးကဏ္ဍတွင် ဒေါ်လာ ၂၈ သန်းကျော်တန်ဖိုးရှိ လုပ်ငန်းတစ်ခု၊ ဝန် ဆောင်မှုလုပ်ငန်းကဏ္ဍတွင် ဒေါ်လာ ၁၀၃ သန်းကျော်တန်ဖိုးရှိ လုပ်ငန်း ငါးခု၊ ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၃၃ သန်းကျော်၊ အိမ်ခြံမြေကဏ္ဍတွင် ဒေါ် လာ ရှစ်သန်းကျော်ဖြင့် ကဏ္ဍအသီးသီးတွင် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခု နှစ် ဇူလိုင်လကုန်အထိ ၃၃ နှစ်အတွင်း မြန် မာနိုင်ငံအနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၉၁ ဘီလျံကျော်အထိ ခွင့်ပြု ပေးခဲ့ကြောင်း DICA မှ သိရသည်။

 

Most Read

Most Recent