စက်တင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်း ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁၇၅၀ ကျပ်ဖြစ်ကြောင်း သိရ

စက်တင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်း ရောင်းချခဲ့ပြီး လေလံအတွက် ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁၇၅၀ ကျပ်ဖြစ်ကြောင်း သိရ
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအားတွေ့ရစဉ်
ရန်ကုန်မြို့ရှိ ငွေလဲကောင်တာတစ်ခုအားတွေ့ရစဉ်
Published 13 September 2021

၂၀၂၁ခုနှစ် စက်တင်ဘာ ၁၃ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် ဒေါ်လာ ၁၅ သန်းအား ရောင်းချခဲ့ပြီး လေလံအတွက်ပျမ်းမျှ ငွေလဲလှယ်နှုန်းမှာ ၁၇၅၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၅ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် ဒေါ်လာငါးသန်းထပ်မံရောင်းချခဲ့ပြီး သြဂုတ်လအတွင်း ခုနစ်ကြိမ်ခွဲ၍ ဒေါ်လာ ၂၈ သန်းအထိ ရောင်းချထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

၂၀၂၁ ခုနှစ် သြဂုတ် ၂ ရက်တွင်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် ဒေါ်လာသုံးသန်း၊ သြဂုတ် ၃ ရက်တွင် ဒေါ်လာနှစ်သန်း၊ သြဂုတ် ၄ ရက်တွင် ဒေါ်လာသုံးသန်း၊ သြဂုတ် ၉ ရက်တွင် ဒေါ်လာနှစ်သန်းခွဲ၊ သြဂုတ် ၁၂ ရက်တွင် ဒေါ်လာ နှစ်သန်းခွဲ၊ သြဂုတ် ၂၃ ရက်တွင် ဒေါ်လာ ဆယ်သန်း၊ သြဂုတ် ၂၅ ရက်တွင် ဒေါ်လာ ငါးသန်းရောင်းချခဲ့ခြင်းဖြစ်သည်။

ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံဖြင့် ဒေါ်လာရောင်းချခဲ့မှုတွင် ဇူလိုင် ၇ ရက်တွင် ဒေါ်လာသုံးသန်း၊ ၆ ရက်တွင် ဒေါ်လာသုံးသန်း၊ ၅ ရက်တွင် ဒေါ်လာသုံးသန်း၊ ၈ ရက်တွင် ဒေါ်လာခြောက်သန်း၊ ဇူလိုင် ၁၄ ရက်တွင် ဒေါ်လာသုံးသန်း၊ ၁၅ ရက်တွင် ဒေါ်လာသုံးသန်း၊ ၁၆ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၂၆ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၂၇ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၂၈ ရက်တွင် ဒေါ်လာသုံးသန်း၊ ၂၉ ရက်တွင် ဒေါ်လာသုံးသန်း၊ ဇူလိုင် ၃၀ ရက်တွင် ဒေါ်လာသုံးသန်းဖြင့် ဇူလိုင်လအတွင်း  ၁၂ ကြိမ်ခွဲ၍ ဒေါ်လာ ၃၉ သန်းအထိ ရောင်းချခဲ့သည်။

ဗဟိုဘဏ်သည် ၎င်း၏နိုင်ငံခြားသုံးငွေလုပ်ငန်း (Foreign Exchange Operation) ရည်ရွယ်ချက်များ ဖြစ်သော ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊အကျ ကြီးမားခြင်းကို လျော့နည်းစေရန်နှင့် နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့်အရန်ငွေ ဖြည့်တင်းရန် အချက်နှစ်ချက် အကောင်အထည်ဖော်ရန် စည်းမျဉ်းအခြေခံသည့် နိုင်ငံခြားငွေဈေးပြိုင်လေလံအား ဆောင်ရွက်နေသည်။

ဗဟိုဘဏ်ဈေးပြိုင် လေလံအတွက် စည်းမျဉ်း၊ ညွှန်ကြားချက်များ ချမှတ်ထားပြီး အဆိုပါစည်းမျဉ်း၊ ညွှန်ကြားချက်များနှင့်အညီ နိုင်ငံခြားငွေဈေးပြိုင်လေလံတွင် ပါဝင်သည့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင် (Authorized Dealer - AD) ရ ဘဏ်များဖြစ်သော နိုင်ငံပိုင် ဘဏ်သုံးဘဏ်၊ ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ဘဏ်နှင့် နိုင်ငံခြားဘဏ် ဘဏ်ခွဲ ၁၃ ဘဏ်တို့ဖြင့် နိုင်ငံခြားငွေဝယ်ခြင်း၊ ရောင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံခြားသုံးငွေလုပ်ငန်း ဆောင်ရွက်ချက်များမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊ အကျကြီးမားခြင်းကို လျော့နည်းစေရန် အလုပ်လုပ်ရက်တစ်ရက်ရှိ မြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာ၏ ငွေလဲလှယ်နှုန်းနှင့် ယခင်ရက်ရည်ညွှန်းငွေ လဲလှယ်နှုန်းတို့ကို နှိုင်းယှဉ်ခြင်း၊ ယင်းသို့နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းသည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ ရောင်းချရန် ဈေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး မြင့်တက်သည့်ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (အမေရိကန်ဒေါ်လာ) ဝယ်ယူရန် ဈေးပြိုင်လေလံကို ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ နိုင်ငံခြားသုံးသီးသန့် အရန်ငွေကို ဖြည့်တင်းရန် အလုပ်လုပ်ရက်တစ်ရက်၏ ငွေလဲလှယ်နှုန်းအား ပြီးခဲ့သည့်ရက်ပေါင်း ၂၀ အတွင်း၌ ဖြစ်ပေါ်သည့် ပျမ်းမျှမြန်မာကျပ်ငွေနှင့် အမေရိကန်တစ်ဒေါ်လာလဲလှယ်နှုန်းနှင့် နှိုင်းယှဉ်ခြင်း၊ ယင်းသို့ နှိုင်းယှဉ်ချက်အရ မြန်မာကျပ်ငွေတန်ဖိုးမြင့် တက်သည့် ရာခိုင်နှုန်းသည် ချမှတ်ထားသည့် စည်းမျဉ်းများအရ သတ်မှတ်ချက်ထက်ကျော်လွန်လျှင် နိုင်ငံခြားငွေ (ဒေါ်လာ) ဝယ်ယူရန် ဈေးပြိုင်လေလံကို  ဖွင့်လှစ်ဆောင်ရွက်ခြင်း၊ ဈေးပြိုင်လေလံတွင် ဗဟိုဘဏ်က ကြေညာထားသည့် အမြင့်ဆုံး လဲလှယ်နှုန်းနှင့် အနိမ့်ဆုံး လဲလှယ်နှုန်းအကြား AD ဘဏ်များက တင်ပြသည့် နိုင်ငံခြားငွေဝယ်ယူရန်၊ ရောင်းချရန် တင်ပြချက်များကို Refinitiv (ယခင် Thomson Reuters) ၏ လေလံအရောင်းအဝယ်စနစ်ကို အသုံးပြု၍ ဗဟိုဘဏ်က ဝယ်ယူ၊ ရောင်းချခြင်းဖြစ်သည်။အဆိုပါဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံ ဖွင့်လှစ်ဆောင်နေခြင်းမှာ ကာလတိုအတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း အတက်၊အကျ ကြီးမားခြင်းကို လျော့နည်းစေရန်ဖြစ်သည်။

Most Read

Most Recent