မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှု ၁၂ လဆက်တိုက်ကျဆင်းခဲ့ပြီး သြဂုတ်လအတွင်းကျဆင်းမှုက COVID-19 ကပ်ရောဂါဒဏ် ခံစားရသည့်ကာလအတွင်း အပြင်းထန်ဆုံးတစ်ခုဖြစ်ကြောင်း စစ်တမ်းတွင်ဖော်ပြ

မြန်မာနိုင်ငံ၏ကုန်ထုတ်လုပ်မှု ၁၂ လဆက်တိုက်ကျဆင်းခဲ့ပြီး သြဂုတ်လအတွင်းကျဆင်းမှုက COVID-19 ကပ်ရောဂါဒဏ် ခံစားရသည့်ကာလအတွင်း အပြင်းထန်ဆုံးတစ်ခုဖြစ်ကြောင်း စစ်တမ်းတွင်ဖော်ပြ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ်။
Published 7 September 2021

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် ၁၂ လဆက်တိုက်ကျဆင်းခြင်းခဲ့ပြီး သြဂုတ်လအတွင်းကျဆင်းမှုက COVID-19 ကပ်ရောဂါဒဏ်ကို ခံစားရသည့်ကာလအတွင်း အပြင်းထန်ဆုံးတစ်ခုဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်က ထုတ်ပြန်သည့် IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Manger’s Index) စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ ဇူလိုင်လ၏ ၃၃ ဒသမ ၅ မှ သြဂုတ်လတွင် ၃၆ ဒသမ ၅ သို့ မြင့်တက်သွားခြင်းက ထုတ်လုပ်မှု အခြေအနေများ ၁၂ လ ဆက်တိုက်ကျဆင်းနေခြင်းကို ညွှန်ပြနေကြောင်း၊ ကျဆင်းသွားသည့်နှုန်းမှာ ထင်ရှားခဲ့ပြီး ကုမ္ပဏီများ COVID-19 ဒဏ်ကို ခံနေရသည့် အကြားစစ်တမ်း၏ သမိုင်းတွင် အပြင်းထန်ဆုံးတစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

Purchasing Manager’ Index (PMI) အညွှန်းအကိန်းများတွက်ချက်ရာတွင် ကုန်ထုတ်လုပ်မှု၊ အော်ဒါသစ်များ၊ အလုပ်နေရာ၊ ပစ္စည်းပေးသွင်းသူများ၏ ပေးသွင်းမှု ကြာမြင့်ချိန်နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ စသည့်အညွှန်ကိန်းငါးခုကို တွက်ချက်ထားခြင်းဖြစ်သည်။

စက်ရုံများပိတ်ထားရခြင်း၊ ဖောက်သည်များထံမှ ဝယ်လိုအားပျော့နေခြင်းနှင့် ကျွန်းကျင်လုပ်သားများ မရှိခြင်းကဲ့သို့သော  အချက်များကြောင့် ထုတ်လုပ်မှုပမာဏများမှာ ထပ်ပြီးနည်းလာခဲ့ရကြောင်း၊ ကျဆင်းမှုနှုန်းမှာ သိသာခဲ့ပြီး ပါဝင်ဖြေကြားသူ ၆၁ ရာခိုင်နှုန်းခန့်က ဇူလိုင်လနှင့်နှိုင်းယှဉ်ပါက သြဂုတ်လတွင် ထုတ်လုပ်မှုပမာဏများ ကျဆင်းလာကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

ပစ္စည်းပေးသွင်းရေး ကွင်းဆက်များမှာ ကုန်ကြမ်းပစ္စည်းများ ရှားပါးမှုဒဏ်ကို ဆက်ရင်ဆိုင်ခဲ့ရသော်လည်း လုပ်ငန်းပြီးဆုံးရန် ကြာမြင့်ချိန်မှာမှု သြဂုတ်လတွင် ဒသမကိန်းမျှသာ တိုးတက်လာခဲ့သည်။

စျေးနှုန်းများကို လေ့လာကြည့်ပါက ကုန်ကြမ်းရှားပါးမှုများနှင့် ဒေါ်လာငွေလဲနှုန်း မတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံအတွင်း ထုတ်လုပ်သူတို့၏ ကုန်ကျစရိတ်များ ပို၍မြင့်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ ကူးစက်မြန်ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ပြင်းထန်သည့် အကျိုးဆက်များကို ရင်ဆိုင်ရေရသည်။ အနာဂတ်တွင် ကန့်သတ်ချက်များနှင့် ဝယ်လိုအား ဂယက်ရိုက်ခက်မှုများကို ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ်ဆေးထိုးပေးရေးမှာ အထူးကိုအရေးကြီးပါတယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားသည်။

ယခုထုတ်ပြန်ထားသော စစ်တမ်းကို IHS Markit က စက်မှုကုန်ထုတ်လုပ်ငန်းများထံမှ ကောက်ယူစုစည်းရရှိသည့် စစ်တမ်း မူလကိန်းဂဏန်းများကို အခြေခံပြုစုထားခြင်းဖြစ်ပြီး ဂျပန်အခြေစိုက် Nikkei မီဒီယာအုပ်စုက ပံ့ပိုးပေးထားခြင်းဖြစ်သည်။

Most Read

Most Recent