COVID - 19 ဓါတ်ခွဲနမူနာ ၃၅၂၄၈ အား စစ်ဆေးရာ ပိုးတွေ့လူနာသစ် ၃၄၅၉ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၁၀ ဦးရှိသဖြင့် စုစုပေါင်း သေဆုံးသူ ၁၅၆၀၀ ဦး ရှိလာ

COVID - 19 ဓါတ်ခွဲနမူနာ ၃၅၂၄၈ အား စစ်ဆေးရာ ပိုးတွေ့လူနာသစ် ၃၄၅၉ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၁၀ ဦးရှိသဖြင့် စုစုပေါင်း သေဆုံးသူ ၁၅၆၀၀ ဦး ရှိလာ
Published 2 September 2021

COVID - 19 ဓါတ်ခွဲနမူနာ ၃၅၂၄၈ အားစစ်ဆေးရာ ပိုးတွေ့လူနာသစ် ၃၄၅၉ ဉီး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၁၀ ဉီးရှိသဖြင့် စုစုပေါင်း သေဆုံးသူ ၁၅၆၀၀ ဉီးရှိလာ ကြောင်း စက်တင်ဘာ ၂ ရက် ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

 စက်တင်ဘာ ၁ ရက် ည ၈ နာရီမှ စက်တင်ဘာ ၂ ရက် ည ၈ နာရီအထိ ဓါတ်ခွဲလူနာ စုစုပေါင်း ၃၅၂၄၈  ခုအား စစ်ဆေးပြီးစီးရာ COVID - 19 ရောဂါ ဓါတ်ခွဲ အတည်ပြုလူနာသစ် ၃၄၅၉  ဦး တွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြက် စက်တက်ဘာ ၂   ရက်အထိ ဓါတ်ခွဲနမူနာ စုစုပေါင်း  ၃၆၈၈၈၁၀ ဦးကိုစစ်ဆေးခဲ့ရာ COVID-19 ဓါတ်ခွဲအတည်ပြု လူနာ ၄၀၆၀၉၉ ဦး ရှိပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ပြီး စက်တင်ဘာ ၂  ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၁၉၅၃  ဦးရှိခြင်းကြောင့် စုစုပေါင်း ၃၅၅၇၆၄ ဦး  ဆေးရုံမှ ဆင်းခွင့် ရရှိပြီဖြစ်ကာ COVID - 19 ရောဂါဖြင့် ထပ်မံသေဆုံးသူ ၁၁၀  ဦးရှိသောကြောင့် သေဆုံးသူ စုစုပေါင်း ၁၅၆၀၀  ဦး ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

စက်တင်ဘာ ၂   ရက်တွင် ဓါတ်ခွဲခန်းများနှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် ဓာတ်ခွဲစမ်းသပ်မှု အခြေအနေအရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဓါတ်ခွဲခန်းများမှ  ပိုးတွေ့လူနာသစ် ၄၄၁  ဦး ၊နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် GeneXpert စက်များဖြင့် ဓာတ်ခွဲစမ်းသပ်မူအခြေအနေအရ  ပိုးတွေ့လူနာသစ် ၈ ဦး၊ ရန်ကုန်မြို့ အမှတ် ၁ တပ်မတော်ဆေးရုံကြီး ခုတင်  မှ ဓာတ်ခွဲစမ်းသပ်မူအခြေအနေအရ စစ်ဆေးခဲ့ရာ  ပိုးတွေ့လူနာသစ် ၇ ဦး ၊ နေပြည်တော် အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ မှ  ပိုးတွေ့လူနာသစ် ၅၄  ဦး ၊ လာရှိုးမြို့ အမှတ် ၉ တပ်မတော်ဆေးရုံ (ကုတင် ၁၀၀)မှ ပို့တွေ့လူနာသစ် ၉ ဉီး ၊ပုဂ္ဂလိကဆေးရုံနှင့် ဓာတ်ခွဲခန်းများတွင် ပိုးတွေ့လူနာသစ် ၂၂  ဉီး ၊ နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများတွင် COVID - 19 Rapid Antigen Diagnostic Test စစ်ဆေးမူအခြေအနေအရ  ပိုးတွေ့လူနာသစ် ၂၉၉ ဦး နှင့် နေပြည်တော်ကောင်စီ တိုင်းဒေသကြီးနှင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများတွင် COVID - 19 Rapid Antigen Diagnostic Test စစ်ဆေးမူအခြေအနေတွင်  ပိုးတွေ့လူနာသစ် ၂၆၁၉ ဦး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent