လော်တာရိုမာတီနက်ဇ်ကို နိုင်ငံတကာရက်သတ္တပတ်အပြီးတွင် အင်တာမီလန်အသင်း စာချုပ်သစ်ချုပ်ဆိုမည်ဟု La Gazzetta dello Sport ဖော်ပြ

လော်တာရိုမာတီနက်ဇ်ကို နိုင်ငံတကာရက်သတ္တပတ်အပြီးတွင် အင်တာမီလန်အသင်း စာချုပ်သစ်ချုပ်ဆိုမည်ဟု La Gazzetta dello Sport ဖော်ပြ
Photo: Inter Milan Twitter
Photo: Inter Milan Twitter
Published 2 September 2021

အင်တာမီလန်အသင်းသည် အသင်းတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်ကို စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပြီး နိုင်ငံတကာရက်သတ္တပတ်အပြီးတွင် စာချုပ်သစ်ချုပ်ဆိုသွားမည်ဖြစ်ကြောင်း La Gazzetta dello Sport က ဖော်ပြခဲ့သည်။

အသက် (၂၄)နှစ်အရွယ်ရှိ အာဂျင်တီးနားတိုက်စစ်မှူး လော်တာရိုမာတီနက်ဇ်သည် လက်ရှိတွင် အင်တာမီလန်အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေပြီး စပါး၊ အာဆင်နယ်အပါအဝင် ဥရောပထိပ်တန်းအသင်းများ၏ စိတ်ဝင်စားခြင်းကို ခံခဲ့ရသူဖြစ်သည်။

သို့သော် လော်တာရိုမာတီနက်ဇ်သည် အင်တာမီလန်အသင်းတွင် ပျော်ရွှင်နေကြောင်း ပြောကြားထားသည်။

အင်တာမီလန်အသင်းသည် လော်တာရိုမာတီနက်ဇ်ကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုတင်သဘောတူညီမှုရထားကြောင်း သိရသည်။

La Gazzetta dello Sport၏ ဖော်ပြချက်အရ အင်တာမီလန်အသင်းသည် လော်တာရိုမာတီနက်ဇ်အား တစ်နှစ်လစာ ယူရို (၆)သန်းအပြင် ဆုကြေးများပါ ပေးချေမည်ဟု ကမ်းလှမ်းခဲ့ရာ ကစားသမားဘက်က လက်ခံခဲ့ကြောင်း သိရှိရသည်။

အင်တာမီလန်အသင်းသည် လော်တာရိုမာတီနက်ဇ်ကို ၂၀၂၅ ခုနှစ်အထိသက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုသွားမည်ဖြစ်ပြီး လျော်ကြေးအဖြစ် ယူရို (၁၁၁) သန်း သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

လော်တာရိုမာတီနက်ဇ်အနေဖြင့် နိုင်ငံတကာရက်သတ္တပတ်အပြီးတွင် စာချုပ်ကိစ္စကို အပြီးသတ်မည်ဖြစ်ပြီး ယင်းစာချုပ်ချုပ်ဆိုပြီးပါက ၎င်းသည် အင်တာမီလန်အသင်းတွင် လစာအများဆုံးကစားသမားဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent