လီဗာပူးလ်အသင်း၏ အောင်မြင်မှုများတွင် အဓိကကျခဲ့သူ အားကစားဒါရိုက်တာ အက်ဒ်ဝက် ရာသီကုန်တွင် အသင်းနှင့်လမ်းခွဲမည်

လီဗာပူးလ်အသင်း၏ အောင်မြင်မှုများတွင် အဓိကကျခဲ့သူ အားကစားဒါရိုက်တာ အက်ဒ်ဝက် ရာသီကုန်တွင် အသင်းနှင့်လမ်းခွဲမည်
Photo: Sky Sports
Photo: Sky Sports
Published 2 September 2021

ယခုနောက်ပိုင်း လီဗာပူးလ်အသင်း၏ အောင်မြင်မှုများတွင် အဓိကကျခဲ့သော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် အားကစားဒါရိုက်တာ မိုက်ကယ်အက်ဒ်ဝက်သည် ယခုရာသီကုန်၌ လီဗာပူးလ်အသင်းနှင့် လမ်းခွဲတော့မည်ဖြစ်ကြောင်း သိရှိရသည်။

လာမည့်နွေရာသီတွင် မိုက်ကယ်အက်ဒ်ဝက်နှင့် လီဗာပူးလ်အသင်း ချုပ်ဆိုထားသောစာချုပ်မှာ သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းက ယင်းအချိန်၌ အသင်းနှင့်လမ်းခွဲရန် ဆန္ဒရှိကြောင်း လီဗာပူးလ်အသင်းထိပ်တန်းတာဝန်ရှိသူများကို အသိပေးအကြောင်းကြားခဲ့သည်။

အက်ဒ်ဝက်သည် လီဗာပူးလ်အသင်းမှ ဘရာဇီးလ် ကွင်းလယ်လူ ကော်တင်ဟိုအား ဘာစီလိုနာအသင်းသို့ မြင့်မားသောပြောင်းရွှေ့ကြေးဖြင့်ရောင်းချပြီး ၎င်းအား ရောင်းချရာမှ ရရှိသည့်ငွေကြေးများကို အသင်းအောင်မြင်မှုအတွက် အကျိုးရှိရှိအသုံးချနိုင်ခဲ့သူတစ်ဦးဖြစ်သည်။

မိုက်ကယ်အက်ဒ်ဝက်သည် ဆာလာ၊ ဗန်ဒိုက်၊ မာနေ အစရှိသောကစားသမားများအပါအဝင် အသင်းအတွက်  ကစားသမားကောင်းအချို့အား ရှာဖွေခေါ်ယူပေးနိုင်ခဲ့သူတစ်ဦးဖြစ်ပြီး ၎င်း ခေါ်ယူခဲ့သည့်ကစားသမားများက ပြီးခဲ့သည့်နှစ်များအတွင်း လီဗာပူးလ်အသင်း ချန်ပီယံလိဂ်ဖလားနှင့် ပရီးမီးယားလိဂ်ဖလားရရှိစေရန် ခြေစွမ်းပြစွမ်းဆောင်ခဲ့ကြသည်။ 

Most Read

Most Recent