ကူးစက်မြန် COVID-19 ဗီဇပြောင်းပိုး Delta သည် ဆက်လက်ကူးစက် ပျံ့နှံ့နေပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၇၀ သို့ ရောက်ရှိနေ

ကူးစက်မြန် COVID-19 ဗီဇပြောင်းပိုး Delta သည် ဆက်လက်ကူးစက် ပျံ့နှံ့နေပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၇၀ သို့ ရောက်ရှိနေ
Published 2 September 2021
ငြိမ်းငြိမ်းသူ

သြဂုတ် ၂၅ ရက်က အိန္ဒိယနိုင်ငံ ဒမ်ဆာလာမြို့တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက အမျိုးသားတစ်ဦးအား COVID-19 ကာကွယ်ဆေး ထိုးနှံပေးနေစဉ်

COVID-19 ဗီဇပြောင်းပိုးဖြစ်သည့် Delta သည် ဆက်လက် ကူးစက်ပျံ့နှံ့နေပြီး မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၇၀ သို့ ကူးစက်ပျံ့နှံ့ ရောက်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

COVID-19 မျိုးဗီဇပြောင်းပိုးများ ဖြစ်သည့် Alpha သည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ၊ Beta သည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၄၁ နိုင်ငံ၊ ဂါမာသည် နိုင်ငံပေါင်း ၉၁ နိုင်ငံသို့ ရောက်ရှိနေကြောင်းနှင့် Delta Virus သည် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၇၀ နိုင်ငံသို့ ရောက်ရှိနေကြောင်း သိရသည်။

လက်ရှိ Delta အပါအဝင် Variant of concern တွင် ပါဝင်သည့် ဂရုုစိုက်ရမည့် မျိုးဗီဇကွဲ လေးမျိုးရှိပြီး လေးခုစလုံးသည် ကူးစက်မှုမြန်ကြောင်းနှင့် ၎င်းမျိုးဗီဇကွဲများမှာ အယ်လ်ဖာ၊ ဒယ်လ်တာ၊ ဘီတာ၊ ဂါမာတို့ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် COVID-19 ဗီဇပြောင်းပိုး လေးမျိုးအထိ တွေ့ရှိထားပြီး Variant of concern VOC သုံးမျိုးဖြစ်သည့် Alpha ၊ Beta၊ Delta အပြင် Variant of Interest ထဲမှ တစ်မျိုးဖြစ်သည့် Kappa စုစုပေါင်း လေးမျိုး တွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ချက်များအရ Variant of Concern ဖြစ်သည့် Alpha နှင့် Delta တို့သည် ရောဂါပိုး ကူးစက်နိုင်မှုနှင့် ထပ်မံကူးစက် ပျံ့နှံ့နိုင်မှု ပိုမိုမြင့်မားကြောင်း တွေ့ရှိရပြီး ရောဂါပြင်းထန်မှုအနေဖြင့် ဆေးရုံတက်ရောက်နိုင်ခြေနှင့် သေဆုံးနိုင်ခြေ မြင့်တက်နိုင်မှုရှိကြောင်း သုံးသပ်ထားပြီး COVID-19 ကာကွယ်ဆေးများအပေါ်တွင် တုံ့ပြန်မှုနှင့် ပတ်သက်၍ အချို့သော ကာကွယ်ဆေးများ၏ အကျိုးအာနိသင် အနည်းငယ် လျော့နည်းနိုင်ကြောင်း သိရသည်။

ကမ္ဘာ့စိုးရိမ်ဖွယ် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲအဖြစ် WHO က သတ်မှတ် ကြေညာထားသည့် ဗိုင်းရပ်စ် လေးမျိုးထဲမှ ဗြိတိန်ဗိုင်းရပ်စ်မျိုးကွဲ B.1.1.7 ကို အယ်လ်ဖာ၊ တောင်အာဖရိက ဗိုင်းရပ်စ်မျိုးကွဲ B.1.351 ကို ဘီတာ၊ ဘရာဇီး ဗိုင်းရပ်စ်မျိုးကွဲ P.1 ကို ဂမ်မာ၊ နှစ်မျိုးနှစ်စားရှိသည့် အိန္ဒိယဗိုင်းရပ်စ်မျိုးကွဲ B.1.617 ထဲမှ စိုးရိမ်ဖွယ် ဗိုင်းရပ်စ်ဖြစ်သည့် B.1.617.2 ကို ဒယ်လ်တာနှင့် နောက်တစ်မျိုး B.1.617.1 ကို ကက်ပါဟု အမည်ပေးခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ထုတ်ပြန်ချက်များအရ Variant of Concern ဖြစ်သည့် Alpha နှင့် Delta တို့သည် ရောဂါပိုး ကူးစက်နိုင်မှုနှင့် ထပ်မံကူးစက် ပျံ့နှံ့နိုင်မှု ပိုမိုမြင့်မားကြောင်း တွေ့ရှိရပြီး ရောဂါပြင်းထန်မှုအနေဖြင့် ဆေးရုံ တက်ရောက်နိုင်ခြေနှင့် သေဆုံးနိုင်ခြေ မြင့်တက်နိုင်မှုရှိကြောင်း သုံးသပ်ထားပြီး COVID-19 ကာကွယ်ဆေးများအပေါ်တွင် တုံ့ပြန်မှုနှင့် ပတ်သက်၍ အချို့သော ကာကွယ်ဆေးများ၏ အကျိုးအာနိသင် အနည်းငယ် လျော့နည်းနိုင်ကြောင်း သိရသည်။  

Most Read

Most Recent