လှိုင်သာယာ(အရှေ့) ရဲစခန်းအနီး ပေါက်ကွဲမှု သြဂုတ် ၃၀ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည်။
သြဂုတ် ၃၀ ရက်၊ ည ၇ နာရီခွဲခန့်တွင် လှိုင်သာယာမြို့နယ်၊ လှိုင်သာယာ(အရှေ့) ရဲစခန်းအနီး ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း အဆိုပါနေရာ အနီးနေသူများထံမှ သိရသည်။
လှိုင်သာယာ (အရှေ့) ရဲစခန်းအနီးတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုမှာ အသံကျယ်ကြောင်း အဆိုပါနေရာအနီး နေသူများထံမှ သိရသည်။
“အသံက တော်တော်ကျယ်တယ်။ စခန်းရှေ့နားမှာ ပေါက်တာ။ အထိအခိုက်တော့ မရှိဘူး။ ပေါက်ကွဲမှုလည်း ပြီးရော အဲ့နားတစ်ဝိုက် စစ်ဆေးတာတွေ ရှိတယ်” ဟု အဆိုပါနေရာအနီးနေသူတစ်ဉီးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဧပြီလနောက်ပိုင်းမှ စတင်ကာ ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး သြဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် ပေါက်ကွဲမှုများ တစ်ပြိုင်တည်း ဖြစ်ပေါ်ခဲ့သည်။















