Black Panther နောက်ဆက်တွဲဇာတ်လမ်း ရိုက်ကွင်းတွင် Letitia Wright ဒဏ်ရာရရှိ

Black Panther နောက်ဆက်တွဲဇာတ်လမ်း ရိုက်ကွင်းတွင် Letitia Wright ဒဏ်ရာရရှိ
Photo:Colorado news live
Photo:Colorado news live
Published 30 August 2021

ဗြိတိန်ရုပ်ရှင်မင်းသမီး Letitia Wright သည် ပြီးခဲ့သည့်တစ်ပတ်က Black Panther : Wakanda Forever ရုပ်ရှင်ရိုက်ကွင်းတွင် စွန့်စားခန်းရိုက်ရင်း ဒဏ်ရာရသွားသည့်အတွက် ဆေးရုံတက်ခဲ့ရသည်။

Variety သို့ မာဗယ်စတူဒီယို ပြောခဲ့ပုံအရ အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် Wright ၏ဒဏ်ရာသည် ကြီးကြီးမားမားမဟုတ်ပေ။ EW.com ကလည်း သူမ ဆေးရုံကပင် ပြန်ဆင်းလာပြီဟု ဆိုသည်။

၂၀၁၈ ရုပ်ရှင် Black Panther ၏ နောက်ဆက်တွဲဇာတ်လမ်းဖြစ်သည့် Black Panther : Wakanda Forever ကို ဒါရိုက်တာ Ryan Coogler က ရိုက်ကူးပြီး ဇာတ်ဝင်ခန်းအများစုကို  အတ္တလန္တာမြို့တွင် ရိုက်ကူးထားသည်။ ဇာတ်ကားရုံတင်မည့်နေ့က ၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက်ဟု သတ်မှတ်ထားသည်။

ဇာတ်လမ်းထဲတွင် Wright က King T’Challa ၏ညီမ သိပ္ပံပညာရှင် Shuri နေရာမှ ဖြစ်သည်။ ယခင်ဇာတ်လမ်းတွင် King T’Challa ဇာတ်ကောင်ကို Chadwick Boseman (ယခုကွယ်လွန်သွားပြီဖြစ်) က သရုပ်ဆောင်ခဲ့သည်။

၂၀၁၈ ရုပ်ရှင် Avengers: Infinity War နှင့် ၂၀၁၉ ရုပ်ရှင် Avengers: Endgame တို့တွင်လည်း Letitia Wright ကို ပရိသတ်များ မှတ်မိကြမည်ထင်သည်။

Most Read

Most Recent