ဒုတိယအကြိမ် တရုတ်(လင်ချန်း)-မြန်မာ (လားရှိုး) နယ်စပ် စီးပွားရေးနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲပြုလုပ်ကာ တရုတ်ယူနန်-မြန်မာ ရန်ကုန်-အိန္ဒိယ သမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်မှု လမ်းကြောင်းသစ် ဖွင့်လှစ်

ဒုတိယအကြိမ် တရုတ်(လင်ချန်း)-မြန်မာ (လားရှိုး) နယ်စပ် စီးပွားရေးနှင့် ကုန်စည်ပြပွဲ ဖွင့်ပွဲပြုလုပ်ကာ တရုတ်ယူနန်-မြန်မာ ရန်ကုန်-အိန္ဒိယ သမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ဆောင်မှု လမ်းကြောင်းသစ် ဖွင့်လှစ်
Published 28 August 2021
ပြည့်စုံ(မူဆယ်)

ဒုတိယအကြိမ် တရုတ် (လင်ချန်း) - မြန် မာ (လားရှိုး) နယ်စပ်စီးပွားရေးနှင့်ကုန်စည် ပြပွဲဖွင့်ပွဲနှင့် တရုတ်ယူနန်-မြန်မာရန်ကုန်-အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေ ကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲပို့ ဆောင်မှုလမ်းကြောင်းသစ်ကို သြဂုတ် ၂၆ ရက်က အွန်လိုင်းနှင့်အော့ဖ်လိုင်း တစ်ချိန်တည်းကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ဒုတိယအကြိမ် တရုတ် (လင်ချန်း) - မြန်မာ (လားရှိုး) နယ်စပ် စီးပွားရေးနှင့် ကုန်စည်ပြပွဲဖွင့်ပွဲအခမ်းအနား ကို သြဂုတ် ၂၆ ရက်တွင် အွန်လိုင်းနှင့်အော့ဖ် လိုင်း တစ်ချိန်တည်းကျင်းပခဲ့ရာ မြန်မာနိုင်ငံ ဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shuf က တက်ရောက်အမှာစကားပြော ကြားခဲ့ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအခမ်းအနားသို့ တရုတ်ကွန်မြူ နစ်ပါတီ လင်ချန်းမြို့ကော်မတီ အတွင်းရေးမှူး Mr. Yang Haodong ၊ ယူနန်ပြည်နယ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Wang Xiaohua  မြန်မာနိုင်ငံ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်၊ မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်း၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးသန့်ဖေနှင့် တရုတ်-မြန်မာနှစ် နိုင်ငံမှ ပြပွဲပါဝင်ပြသသူများ၊ ဝယ်ယူသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါထုတ်ပြန်ချက်တွင် သံမှူး Mr. Tan Shuf က ဒုတိယအကြိမ် နယ်စပ်စီးပွား ရေးနှင့် ကုန်စည်ပြပွဲအား အွန်လိုင်းဖြင့် ကျင်းပမှုကို ဂုဏ်ပြုခဲ့ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသမိုင်း ရှည်ကြာပြီး နယ်စပ် ကုန်စည်ပြပွဲကို နှစ်စဉ်ကျင်းပခဲ့ ကြောင်း၊ လင်ချန်းမြို့နှင့် မြန်မာနိုင်ငံရှမ်းပြည် နယ်သည် တည်နေရာချင်း နီးကပ်ပြီး ပြည်သူ အချင်းချင်းရင်းရင်းနှီးနှီးရှိကြကြောင်း၊ မိန့်တင်-ချင်းရွှေဟော် နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံ မြောက်ပိုင်း အရေးပါမြို့ဖြစ်သည့် လားရှိုးမြို့သည် ကီလိုမီတာ ၁၅၀ ကျော်သာကွာဝေးကြောင်း၊ လတ်တလောနှစ်များတွင် လင်ချန်း မြို့က ‘ကြိုတင်လုပ်ဆောင်ချက်လေးခု’ ဖြင့် မြန်မာနိုင်ငံအပေါ် ‘ချိတ်ဆက်မှုငါးမျိုး’ ကို တက်တက်ကြွကြွ ထောက်ကူအားပေးကာ တည်နေရာအားသာချက်ကို အသုံးပြု၍ တောင်အာရှ၊ အရှေ့တောင်အာရှနှင့်ဆက် ဆံမှုကို အဆက်မပြတ်မြှင့်တင်ပါကြောင်း၊ လားရှိုးသည် မြန်မာနိုင်ငံ မြောက်ပိုင်း၏ အရေးပါတံခါးပေါက်ဖြစ်ပြီး တရုတ်-မြန်မာ ကုန်သွယ်ဆက်ဆံရေး၏ ပေါင်းကူးတံတား ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ကျင်းပသည့် ပထမအကြိမ် တရုတ် (လင်ချန်း) - မြန်မာ (လားရှိုး) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲ သည် ရလဒ်ကောင်းများစွာရရှိပြီး ကျယ်ပြန့် သည့် အကျိုးသက်ရောက်မှုရှိသဖြင့် တရုတ်-မြန်မာစီးပွားရေးလုပ်ငန်းလောကနှင့် နယ်စပ် ဒေသပြည်သူများ၏ကြိုဆိုခြင်းခံရကာ နှစ်ဦး နှစ်ဖက် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု ခြေလှမ်းသစ်လှမ်းချီရန် တွန်းအားပေးလိုက် ကြောင်း၊ ယခုနှစ်ကပ်ရောဂါကိုရင်ဆိုင်ရာတွင် တရုတ်-မြန်မာနှစ်ဦးနှစ်ဖက်က အခက် အခဲများကိုအတူကျော်ဖြတ်ကာ ‘အွန်လိုင်း’ စနစ်ဖြင့် ဤအခမ်းအနားကို အတူဆက်လက် ကျင်းပပြီး ကပ်ရောဂါအခြေအနေအောက် တွင် တရုတ်-မြန်မာ Supply Chain  နှင့်  Industry Chain တည်ငြိမ်မှုကိုအကျိုးပြုပြီး နှစ်နိုင်ငံနယ်စပ်ဒေသ စီးပွားရေးနှင့် ပြည်သူ များစားဝတ်နေရေးကို အကျိုးဖြစ်ထွန်းစေ ကြောင်း၊ နှစ်ဦးနှစ်ဖက်က နယ်စပ်စီးပွားရေး နှင့် ကုန်စည်ပြပွဲမှတစ်ဆင့် စျေးကွက်အကျိုး စီးပွားမျှဝေပြီး စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများကိုမြှင့်တင်ကာ စီးပွားရေးပြန် လည်ဦးမော့လာရန် အတူတကွတွန်းအားပေး ၍ နှစ်နိုင်ငံပြည်သူများကို အကျိုးဖြစ်ထွန်းစေ မည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

၎င်းသံမှူး Mr. Tan Shuf က ဆက် လက်ပြောကြားရာမှာ မြန်မာနိုင်ငံကပ်ရောဂါ တတိယလှိုင်းကာလအတွင်း၌ လင်ချန်းမြို့မှ မြန်မာနိုင်ငံသို့ အောက်ဆီဂျင်စက်၊ ဆေးဝါး နှင့် နှာခေါင်းစည်းစသည့် ကပ်ရောဂါကာ ကွယ်ရေးပစ္စည်းများစွာ လှူဒါန်းပေးအပ်ခဲ့ပြီး လင်ချန်းပြည်သူများက မြန်မာပြည်သူများ အပေါ် နက်ရှိုင်းလှသည့် သံယောဇဉ်ကို ထင် ဟပ်စေကာ တရုတ်-မြန်မာနှစ် နိုင်ငံအပြန်အ လှန်ဖေးမကူညီသည့် အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို အဓိပ္ပာယ်ဖွင့်ဆိုပါ ကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် စီးပွားကုန်သွယ် ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်မြှင့် တင်ပြီး မြန်မာနိုင်ငံ ကုန်ထုတ်လုပ်မှုနှင့် စီး ပွားရေးပြန်လည် ဦးမော့လာရန် ထောက်ခံ အားပေးကြောင်း ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ လင်ချန်းမြို့ ကော်မတီအတွင်းရေးမှူး Mr. Yang Haodong က မြန်မာနိုင်ငံ၏ထောက်ခံအားပေးမှု နှင့် နှစ်နိုင်ငံအတူတကွကြိုးပမ်းမှုအောက်တွင် ယနေ့၌ ‘တရုတ်ယူနန်-မြန်မာရန်ကုန်-အိန္ဒိယသမုဒ္ဒရာ ကွန်တိန်နာ ပင်လယ်ရေ ကြောင်း-ကားလမ်း-ရထားလမ်းပူးတွဲပို့ ဆောင်မှုလမ်းကြောင်းသစ်’ ကို  ပထမအကြိမ် အောင်မြင်စွာဖွင့်လှစ်ခဲ့ကြောင်း၊ ပထမဆုံးအသုတ်ဖြစ်သည့် တတိယနိုင်ငံမှ ကုန်ပစ္စည်း ကွန်တိန်နာများသည် ရန်ကုန်ဆိပ်ကမ်းမှ တစ်ဆင့် ချင်းရွှေဟော်နယ်စပ်ဂိတ်သို့ရောက် ရှိပြီး တရုတ်နိုင်ငံသို့ပြန်ဝင်ကာ နောက်သုံးရက်အကြာ၌ နောက်ဆုံးခရီးပန်းတိုင်ဖြစ်သည့် တရုတ်နိုင်ငံချန်တူးမြို့သို့ ရောက်ရှိမည် ဖြစ်ကြောင်း၊ အထွေထွေအတွင်းရေးမှူးချုပ် Mr. Xi Jiuping က မကြာသေးမီကပင် နယ်စပ်ဒေသဖြစ်သည့် လင်ချန်းမြို့သို့စာပြန် ကာ လင်ချန်းမြို့အတွက် မကြုံစဖူး ဖွံ့ဖြိုးတိုး တက်မှုအခွင့်အလမ်းပေးလာသည့် အရေး ပါသမိုင်းဝင်အချိန်အခါတွင် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ် အောင် မြင်စွာစမ်းသပ်ဖွင့်လှစ်နိုင်ခြင်းသည် တရုတ်-မြန်မာစီးပွားကုန်သွယ်ရေးဆက်ဆံမှုကို ခိုင် မာစေသည့် အရေးကြီးထိုးဖောက်မှုဖြစ် ကြောင်း၊ တရုတ်-မြန်မာ (လင်ချန်း) နယ်စပ် စီးပွားရေးနှင့် ကုန်စည်ပြပွဲသည် တရုတ်-မြန် မာနှစ်ဦးနှစ်ဖက် စီးပွားကုန်သွယ်ရေး ပူး ပေါင်းဆောင်ရွက်မှုကို ထပ်မံမြှင့်တင်ပြီး နှစ် နိုင်ငံကုမ္ပဏီနှင့်ပြည်သူများ ချစ်ကြည်ရင်းနှီး သည့်ဆက်ဆံမှုကို နီးစပ်လာစေမည်ဟု ယုံကြည်ပါကြောင်း၊ လင်ချန်းသည်လည်း Belt and Road နှင့် ‘ Economic Pivot ’တည်ဆောက်မှုကို ဆက်လက်တာဝန်ယူပြီး မြန်မာနိုင်ငံအပေါ် တံခါးဖွင့်လှစ်မှုနှင့် ကူးလူး ဖလှယ်ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေ ကာ မြန်မာနိုင်ငံနှင့်အတူလက်တွဲ၍ ဖွံ့ဖြိုးတိုး တက်မှုကို အတူတကွဖော်ဆောင်ပြီး ‘ဆွေမျိုး ပေါက်ဖော်’ ချစ်ကြည်ရေးသံယောဇဉ် စာ မျက်နှာအသစ်ကို အတူရေးဆွဲသွားလို ကြောင်း ပြောကြားခဲ့သည်။

မြန်မာဘက်က အမှာစကားပြောကြား ရာတွင် မြန်မာ-တရုတ်နှစ်နိုင်ငံသည် အစဉ် အလာချစ်ကြည်ရင်းနှီးသည့် အိမ်နီးချင်းနိုင်ငံ ဖြစ်ပြီး စီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင် ရွက်မှုများပြားကြောင်း၊ ယခုအကြိမ် အွန် လိုင်းနယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲသည် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် နယ်စပ်ဒေသပြည် သူများ ချစ်ကြည်ရင်းနှီးစွာဆက်ဆံမှုကို အ ကျိုးပြုကြောင်း၊ မြန်မာ-တရုတ်လုပ်ငန်းရှင် များက အွန်လိုင်းနယ်စပ်စီးပွားရေးနှင့် ကုန် စည်ပြပွဲမှတစ်ဆင့် ချိတ်ဆက်မှုထူထောင်ပြီး အချက်အလက်များအတူမျှဝေကာ ကုန် ပစ္စည်းကြော်ငြာ၍ ပူးပေါင်းဆောင်ရွက်မှုတိုး ချဲ့နိုင်ကြောင်း၊ နှစ်နိုင်ငံအစိုးရနှင့် ကုမ္ပဏီ များက ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးမြှင့်၍ ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် နယ်စပ်စီးပွားရေးနှင့် ကုန် စည်ပြပွဲသည် ‘စင်္ကြံအသစ်အတူတည် ဆောက်၍ ဆွေမျိုးပေါက်ဖော်သံယောဇဉ် အတူဆက်လက်ရေးသား’ ဟူသည့်ခေါင်းစဉ် ဖြင့်ကျင်းပပြီး ရည်မှန်းချက်မှာ တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ဒေသအကျိုးတူပူး ပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး တရုတ်-မြန်မာ Belt and Road  နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အတူတည်ဆောက်မှုကို ကူညီတွန်းအားပေးရန်ဖြစ်သည်။

ယခုအကြိမ် နယ်စပ်စီးပွားရေးနှင့် ကုန် စည်ပြပွဲသည် ငါးရက်ကြာပြသ မည်ဖြစ်ပြီး ‘အွန်လိုင်း တရုတ်-တောင်အာရှကုန်စည်ပြပွဲ’ ပလက်ဖောင်းကို အသုံးပြု၍ ဒုတိယအကြိမ် တရုတ် (လင်ချန်း) - မြန်မာ (လားရှိုး) နယ်စပ် စီးပွားရေးနှင့် ကုန် စည်ပြပွဲ သီးသန့်ခန်းမ ထားရှိကာ ကုန်ပစ္စည်းများ ပြသမည်ဖြစ် ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ လုပ်ငန်းကုမ္ပဏီပေါင်း ၁၇၂ ခု တက်ရောက် ပြသပြီး အဓိကအားဖြင့် စိုက်ပျိုးရေးကုန် ပစ္စည်း၊ ဇီဝဆေးဝါး၊ အိမ်သုံး အီလက်ထရောနစ်ပစ္စည်း၊ အဝတ်အထည်၊ ပိုးထည်စသည် တို့ကိုပြသမည်ဖြစ်သည်။ မြန်မာဘက်မှ လုပ် ငန်းကုမ္ပဏီပေါင်း ၂၇ ခု တက်ရောက်ပြသပြီး အဓိကအားဖြင့် ကျောက်မျက်ရတနာ၊ သစ်သားဖြင့်ပြုလုပ် သောပစ္စည်း၊ ပရိဘောဂ၊ စိုက်ပျိုးရေးနှင့် ရေ ထွက်ကုန် စသည်တို့ပြသမည်ဖြစ်သည်ဟု တရုတ်သံရုံးကထုတ်ပြန် ချက်အရ သိရသည်။

 

Most Read

Most Recent