ဥရောပထိ်ပ်သီးအသင်းများစွာ ခေါ်ယူရန် စိတ်ဝင်စားနေသော ရန်းစ်ကွင်းလယ်ကစားသမား ကာမာဗင်ဂါသည် PSG အသင်းသို့ ရောက်ရှိရန် နီးစပ်နေပြီ ဖြစ်ကြောင်း ပြင်သစ်သတင်းစာ L'Equipe က ဖော်ပြခဲ့သည်။
လာမည့် နိုဝင်ဘာ လတွင် အသက်(၁၉)နှစ်ပြည့်မည့် ပြင်သစ်ကစားသမား ကာမာဗင်ဂါကို ရီးယဲလ် နှင့် မန်ယူတို့က ခေါ်ယူရန် ပစ်မှတ်ထားခဲ့ကြသော်လည်း လက်တွေ့ကမ်းလှမ်းမှု မပြုလုပ်ခဲ့ပေ။
ရန်းစ်အသင်းသည် ကာမာဗင်ဂါကို ရောင်းထုတ်လိုခြင်းမရှိသော်လည်း စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး သက်တမ်းတိုးရန် စည်းရုံး နိုင်ခြင်းမရှိသောကြောင့် ရောင်းထုတ်ရန် စီစဉ်လာခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ PSG အသင်းက ၎င်းကို ယူရို(၃၅)သန်းဝန်းကျင်ဖြင့် ခေါ်ယူနိုင်ရန် နီးစပ်နေပြီဟု L'Equipe က ဖော်ပြခဲ့သည်။















