အီတလီစီးရီးအေပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်

အီတလီစီးရီးအေပွဲစဉ် (၁) ပွဲကြိုသုံးသပ်ချက်
Photo: Getty Images
Photo: Getty Images
Published 22 August 2021

ဘိုလော့ဂ်နာ - ဆလာနီတာနာ (တနင်္ဂနွေည ၁၁းဝ၀ နာရီ)

ဘာရိုးကို အပြီးသတ်ခေါ်ယူလိုက်နိုင်တာ ဘိုလော့ဂ်နာ အတွက် ကောင်းမွန်မှုပါပဲ။ ပြီးတော့ အာနော်တိုဗစ်ကိုလည်း ဘိုလော့ဂ်နာ ပိုင်ဆိုင်ထားလို့ တိုက်စစ်ပိုကောင်းလာပါလိမ့်မယ်။ တန်းတက် ဆလာနီတာနာ (၂)ဂိုးပြတ် ရှုံးပါလိမ့််မယ်။

အူဒီးနီးစ် - ဂျူဗင်တပ်စ် (တနင်္ဂနွေည ၁၁းဝ၀ နာရီ)

ဂျူဗင်တပ်စ်က ပြင်ဆင်မှုတော့ အသင့်အတင့်လုပ်ထား နိုင်တယ်။ စီရော်နယ်လ်ဒိုရဲ့ အနာဂတ်က ဂျူဗင်တပ်စ်အပေါ် သက်ရောက်မှုကြီးမားနိုင်ပြီး စီရော်နယ်လ်ဒိုသာမရှိရင် အယ် လီဂရီရဲ့ လုပ်ရည်ကိုင်ရည်ကိုပဲ အဓိကစောင့်ကြည့်ရမယ် ထင် တယ်။ လူစာရင်းအရ အူဒီးနီးစ်ထက်သာနေသလို၊ အတ္တလန် တာကို ဂိုးပြတ်နိုင်ထားလို့လည်း ဒီပွဲမှာလည်း ဂျူဗင်တပ်စ်ပဲ အနိုင်ရပါလိမ့်မယ်။ 

နာပိုလီ - ဗင်နီဇီယာ (တနင်္လာနံနက် ၁း၁၅ နာရီ)

နည်းပြလောကနဲ့ (၂)နှစ်လောက်ကင်းကွာနေပြီးမှ နာပို လီလိုအသင်းမျိုးကို စပယ်လက်တီကို ကိုင်တွယ်ခွင့်ရတာပါ။ ဒီတော့ ဖိအားတွေရှိနေပြီး အဖွင့်ပွဲမှာ တန်းတက် ဗင်နီဇီယာနဲ့ ဆုံတွေ့လို့ ကံကောင်းပါတယ်။ အင်ဆစ်ဂ်ညာ၊ အိုဆင်မန်တို့နဲ့ နာပိုလီတိုက်စစ် (၂)ဂိုးပြတ် နိုင်ပါလိ်မ့်မယ်။ 

ရိုးမား - ဖီအိုရင်တီးနား (တနင်္လာနံနက် ၁း၁၅ နာရီ)

အမေရိကန်ပိုင်ရှင်တွေလက်ထဲက နှစ်သင်းရဲ့ ရည်မှန်းချက်က ဒီရာသီမှာ ခြားနားနေပါတယ်။ ဖီအိုရင်တီးနားက ပြီးခဲ့တဲ့ ရာသီကလိုမျိုး ငွေသိပ်မသုံးချင်တော့သလိုပဲ။ စတုဂတ်က နီကိုလက်စ်ဂွန်ဇာလက်ဇ်ကို ခေါ်ယူထားတာကလွဲပြီး ငြိမ်သက်နေ တယ်။ ဒါပေမဲ့ အသင်းရဲ့ ရှိရင်းစွဲလူစာရင်းက လူငယ်တွေများပြီး ဥရောပဝင်ခွင့် မျှော်လင့်ချက်ထားလို့ရတဲ့ အနေအထားမျိုးပဲ။ ရိုးမားကတော့ Special One မော်ရင်ဟိုရဲ့ တစ်ကျော့ပြန် စီးရီးအေစွန့်စားခန်းနဲ့အတူ လူစိတ်ဝင်စားမှု မြင့်တက်နေတယ်။ ကစားသမားခေါ်ယူမှုတွေကလည်း အားရစရာကောင်းတယ်။ အင်တာမီလန်လက်ထဲက ချန်ပီယံဆုကို လုယူနိုင်မယ့်အသင်း တစ်သင်းအဖြစ် ထင်ကြေးပေးခံထားရတယ်။  အေဘရာဟမ်က စီးရီးအေမှာ အသုံးဝင်မယ့်ပုံစံမျိုး ဖြစ်လာနိုင်ပြီး စီးရီးအေနဲ့အတူ  သိက္ခာပြန်ဆယ်ပြမယ့် မော်ရင်ဟိုကြောင့် ရိုးမား အဖွင့်လှပါလိမ့်မယ်။ 

Most Read

Most Recent