လက်ရွေးစင်အသင်းမှ အနားယူမည့်အစီအစဉ်ကို ဂွန်ဒိုဂန် ရွှေ့ဆိုင်း

လက်ရွေးစင်အသင်းမှ အနားယူမည့်အစီအစဉ်ကို ဂွန်ဒိုဂန် ရွှေ့ဆိုင်း
Photo: Getty Images
Photo: Getty Images
Published 22 August 2021

 

မန်စီးတီးအသင်း၏ ဂျာမနီကွင်းလယ်ကစားသမား ဂွန်ဒိုဂန်သည် လက်ရွေးစင်အသင်းမှ အနားယူမည့်အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။ 

ဂွန်ဒိုဂန်(၃၀ နှစ်)သည် မူလက ယူရိုပြိုင်ပွဲ၏ စိတ်ပျက်ဖွယ်အခြေအနေကြောင့် အနားယူရန် စီစဉ်ခဲ့သော်လည်း နည်းပြသစ် ဟန်ဆီဖလစ်ခ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ပါဝင် ကစားသွားရန် ဆုံးဖြတ်ခဲ့ကြောင်း Bild သတင်းစာက ဖော်ပြခဲ့သည်။ 

ဂွန်ဒိုဂန်သည် ၂၀၁၁ ခုနှစ်ကတည်းက ဂျာမနီလက်ရွေးစင်အဖြစ် စတင်ရွေးချယ်ခံခဲ့ရပြီး (၄၉)ပွဲကစားကာ (၁၁)ဂိုး သွင်းယူပေးထားသူဖြစ်သည်။

Most Read

Most Recent